လူငယ်ပရိတ်သတ်တွေကြား အရမ်းကိုနာမည်ကြီးတဲ့ အဆိုတော် X-Box ကတော့ ကမ်းခြေတစ်ခုကိုရောက်ရှိလို့နေပါတယ်။ အဆိုတော် X-Box ရဲ့သီချင်းတွေကိုကြိုက်နှစ်သက်ရုံမက သူ့ရဲ့ဆံပင်အရှည်နဲ့ ခပ်မိုက်မိုက်ဒီဇိုင်းတွေကလည်း နူတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုဖမ်းစားထားနိုင်သူ တစ်ဦးဖြစ်ပါတယ်။

အဆိုတော် X-Box နဲ့ ရဲလေးတို့ တွဲဆိုထားတဲ့သူတို့သီချင်းကို မနေ့ကရဲလေးမွေးနေ့အမှတ်တရအနေနဲ့ စတင်ဖြန့်ဝေခဲ့ကြပါတယ်။ ဒီနေ့မှာတော့ X-Box တစ်ယောက် ကမ်းခြေသို့ရောက်ရှိနေပြီး ကမ်ခြေမှာ အပြုံးချိုချိုလေးနဲ့ရိုက်ထားတဲ့ သူ့ရဲ့ဓာတ်ပုံလေးတွေဟာလည်း အသည်းယားချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းနေပါတယ်။ 

အဆိုတော် X- box တစ်ယောက်ကတော့ သူရဲ့ဓာတ်ပုံလေးတွေကို " တစ်ပုံချင်းစီကြည့်စေချင်" ဆိုပြီးတင်ပေးထားပါတယ်။ X- Box ပရိတ်သတ်တို့ရေ သူ့ရဲ့လန်းဆန်းတဲ့အပြုံးချိုချိုလေးနဲ့ ပုံလေးတွေကို ပရိတ်သတ်ကြီးတွေဆီမျှဝေပေးလိုက်ပါတယ်နော်။

Source - X- Box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။