ငယ်စဉ်ကလေးဘဝတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့ပြီး ကလေးသရုပ်ဆောင် အကယ်ဒမီဆိုကို ရရှိထားတဲ့ ယွန်းယွန်းကတော့ ယခုဆိုရင် ဆယ်ကျော်သက် အနုပညာတစ်ဦးတောင် ဖြစ်လို့နေပါပြီ။ အနုပညာပိုင်းမှာသာမက ပညာရေးဖက်မှာလည်း ထူးချွန်တဲ့သူမဟာ လက်ရှိမှာတော့ ရန်ကုနိတက္ကသိုလ်မှာ စိတ်ပညာဘာသာရပ် အထူးပြု တက်ရောက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ သူမဟာ တက္ကသိုလ်ဒုတိယနှစ်ကို တက်ရောက်လို့နေပြီး ပထမနှစ်အတွက် ဆုရရှိခဲ့တယ်လို့လည်း သူမရဲ့ လူမှုစာမျက်နှာမှ တဆင့်သိရပါတယ်။ လတ်တလော သူမရဲ့ လူမှုစာမျက်နှာတော့ သူမရဲ့ Amazing Grace မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပြီး ပရိသတ်တွေကတော့ သဘောကျလို့ နေကြရပါတယ်။ ဓာတ်ပုံလေးနဲ့ အတူ "She was seventeen" ဆိုတဲ့ caption လေးကိုတက်ထားပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ယွန်းယွန်းဟာ " မနေ့ကဖြစ်သည် " ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လည်ဝင်ရောက်လာပြီး ပရိသတ်ရဲ့ အားပေးမှုကို တဖန်ပြန်လည်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူမဟာ သူမအရွယ်နဲ့လိုက်ဖက်ပြီး ပရိသတ်ကြိုက်နှစ်သက်မဲ့ ပုံစံလေးတွေကိုတော့ ရွေးချယ်လုပ်ဆောင်ဖြစ်နေကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ သူမဟာ နာမည်ကြီးဒါရိုက်တာ ဝိုင်း ရဲ့ အနာဂတ်မှာ မင်းသမီးအဖြစ်ရိုက်ကူးသွားမယ့် သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ 

Source: Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။