နာမည်ကျော်သရုပ်ေ်ဆာင်တစ်ဦးဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် ကန်တော်ကြီးမှာရှိတဲ့ ချစ်သူများကျွန်း ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ပုံရိပ်လေးတွေ ကိုလည်း ဝေမျှပေးထားပါ သေးတယ်။ သူမဟာအောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေလည်း အခိုင်အမာရရှိထားပါသေးတယ်။ သူမရဲ့ချစ်သူက လည်း စိန်ဘယက်ဆေးတိုက်ရဲ့မျိုးဆက်လေးဖြစ်တဲ့ သရုပ်ေ်ဆာင်သူရိယပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အနုပညာအသိုင်းအဝိုင်းမှာနာမည်ရှိပြီးသားဖြစ်ပြီး နှစ်ယောက်အတူ တွဲသရုပ်ဆောင်တဲ့ ဇာတ်ကားတွေလည်း အများအပြားပါပဲ။

တစ်ယောက်နဲ့တစ်ယောက်က အရမ်းကိုချစ်ကြပြီး ပရိတ်သတ်အားကျတဲ့ စုံတွဲလေးတစ်တွဲပါ ပဲ။ နှစ်ယောက်သားရဲ့ ချစ်ခရီးလမ်းဟာလည်း အခုဆိုရင်တစ်နှစ်ကျော်ကာလကို တိုင်ခဲ့ပြီ ပဲဖြစ်ပါတယ်။ ဆုဆုကို သူရိယက အရမ်းကိုဂရုစိုက်ပြီးချစ်ခင်တာမို့ သူမအနေနဲ့ အရမ်းကို စိတ်ချမ်းသာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ ချစ်စရာကောင်းတဲ့ ချစ်သူစုံတွဲတစ်တွဲပါပဲ။ နှစ်ယောက်သားခရီးတွေအတူတူထွက်ကြပြီး အလှဆုံးပုံရိပ်လေး တွေကို မှတ်တမ်းတင်တတ်ကြပါ တယ်။ လိုက်ဖက်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို Instagram မှာတင်တတ်ပါသေးတယ်။

ဒီနေ့မှာတော့ ဆုဆုတစ်ယောက် ကန်တော်ကြီးက ချစ်သူများကျွန်းကိုရောက်ရှိနေတာဖြစ် ပြီး ချစ်စရာကောင်းတဲ့သူမရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် ဝေမျှထားပါသေး တယ်။ ချစ်စဖွယ်ဂါဝန်လက်တစ်လုံးကြိုးလေးကို အဖြူရောင်လက်အကားအင်္ကျ ီလေးနဲ့ တွဲဖက်ဝတ်ဆင် ထားပြီး ချစ်စရာကောင်းတဲ့ အဖြူရောင်ဒေါက်မြင့်ဖိနပ်လေးနဲ့ သူမရဲ့ပုံစံလေး က တကယ့်ကိုချစ်စဖွယ်ပါပဲ။ ပရိတ်သတ်ကြီးအတွက်လည်း ဆုဆုရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေ ကို တင်ဆက်ပေးလိုက်မယ်နော်။

Photo - Hse Eaint San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။