ဇန်နဝါရီလ(၁၂)ရက်နေ့ကတော့ One Direction အဖွဲ့ဝင်ဟောင်း အဆိုတော် Zayn Malik ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ ဒါ့ကြောင့် Zayn အတွက် လူမှုကွန်ရက်ကနေ မိတ်ဆွေသူငယ်ချင်းချစ်သူခင်သူတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းတွေအသီးသီးပေးပို့ခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ဇန် ရဲ့ မွေးနေ့ကိုတော့ သူ့ရဲ့ချစ်သူကောင်မလေး စူပါမော်ဒယ် Gigi Hadid တစ်ယောက်လည်း သတိတရနဲ့ မွေးနေ့ဆုတောင်းပေးထားတာတွေ့ရပါတယ်။သူတို့နှစ်ဦးဟာ အမိုက်စားဖက်ရှင် အနက်ရောင် တွေဝတ်ဆင်ခဲ့ပြီး နေကာမျက်မှန်အနက်ရောင်ကိုယ်စီ နဲ့ နယူးယောက်မှာ ဘက်ဒေးပါတီအတူတူလုပ်ခဲ့ကြပါတယ်။ 

အသက်( ၄၁)နှစ်အရွယ် Deadpool မင်းသား ရွိုင်ယမ် ရေးနိုးစ် ကလည်း Gigi နဲ့အတူ Zayn အတွက် မွေးနေ့ဆုမွန်ကောင်းလေး ပို့ထားပါတယ်။

ဂျီဂျီ ဟာ မွေးနေ့မှာ သူမရဲ့ချစ်သူ Zayn ရဲ့ အပေါ်ပိုင်း အဝတ်မပါပဲ ကနေတဲ့ လှုပ်ရှားမှုပုံလေးကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ပျော်ရွှင်ဖွယ်တင်ထားတာဖြစ်ပါတယ်။ ဂျီဂျီဟာ သူမတို့ စုံတွဲရဲ့ ချစ်စဖွယ်ပုံရိပ်တွေကိုစုစုည်းပြီး ဗီဒီယိုပုံစံလေးလုပ်ပြီး အသဲပုံ လေးရေးကာ တင်ထားခဲ့ပါတယ်။

ဂျီဂျီ နဲ့ ဇန် တို့ချစ်သူနှစ်ဦး ဟာ ကမ္ဘာ့ချစ်စရာအကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးစုံတွဲတစ်တွဲဖြစ်ပြီး ဟောလိ၀ုဒ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

သူတို့အတွဲ ချစ်လိုက်ပုံကတော့ အားကျစရာပါ.ဇန်ဟာ One Direction အဖွဲ့ကနေ ခွဲထွက်လိုက်ပြီး တစ်ကိုယ်တော်သီချင်းခွေတွေထွက်ရှိထားပြီး တစ်ကိုယ်တော်သီချင်းတွေပဲဆိုဖြစ်နေတာပါ။ 

သူ့ရဲ့ချစ်သူ ဂျီဂျီနဲ့ Pillow Talk ဆိုတဲ့ သီချင်းလေးမှာ အတူတူပါ၀င်သရုပ်ဆောင်ထားပြီး လူကြိုိက်များခဲ့ပါတယ်။

Happy Birthday Zayn Malik . 

Ref : Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။