နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်တစ်ယောက် သူမလက်ရှိရိုက်ကူး နေတဲ့ " တောပေါက် မြို့ပေါက် " ဇာတ်ကားကို ရေးမြို့မှာရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ရှုတင်ရှိရာအရပ်ကို အနုပညာသမားတွေလိုက်ရတာမို့ သူမက ဘဝဆိုတာကြုံရာနေရာ မှာ ပျော်သလိုနေရတယ်ဆိုပြီး ကျောက်တုံးတွေပေါ်လှဲအိပ်နေတဲ့ သူမရဲ့ပုံရိပ်တွေကို ဝေမျှရင်း အသိပေးထားတာဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး အောင်မြင်မှုကိုလည်း နှစ်ပေါင်းမျာျးစွားထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ပြီး ချစ်စဖွယ်သမီးလေး စံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားရှိပြီဖြစ်ပါတယ်။ သူမရဲ့သမီးလေးဟာ ယခုဆိုရင် 16 နှစ်ထဲကိုဝင်နေပြီဖြစ်ပါတယ်။ အမေခြေရာနင်းမယ့်သမီးလေးဖြစ်တာမို့ လက်ရှိမှာ ကြော်ငြာတွေရိုက်ကူးနေပြီဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးဖို့ကိုတော့ သူမက လက်သင့်မခံသေးဘူးလို့ ဆိုပါတယ်။ ကြော်ငြာတွေရိုက်ကူးနိုင်ပေမယ့် သမီးဖြစ်သူက ရုပ်ရှင်ရိုက်ကူူးဖို့ထိတော့ အနုပညာမှာ အကျွမ်းတဝင်မရှိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့်သူမက ရုပ်ရှင်မရိုက် ခိုင်းသေးဘူးလို့လည်း ဆိုပါတယ်။

သူမရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို " ဘဝဆိုတာဒီလိုဘဲကြုံတဲ့နေရာမှာပျော်သလိုနေရတယ် " ဆိုပြီး ကျောက်တုံးပေါ်မှာလှဲနေတဲ့ သူမရဲ့သဘာဝဆန်တဲ့ပုံရိပ်တွေကို တင်ထားတာဖြစ်ပါ တယ်။ အနုပညာသမားပီသတဲ့သူမက ရိုက်ကွင်းရှိရာအရပ်တိုင်းမှာ အမြဲတမ်းပြုံးပျော်ေ်န တော့တာပါပဲ။ အမြဲတမ်းချစ်စရာကောင်းတဲ့အပြုံးလေးတွေပြုံးတတ်တဲ့ မခိုင်လေးရဲ့ပုံရိပ်လေး ကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။