နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သွန်းဆက်တစ်ယောက် လူရိုင်မလေးအဖြစ် သရုပ် ဆောင်နေ တာပဲဖြစ်ပါတယ်။ ရေးမြို့မှာရိုက်ကူးနေတဲ့ " တောပေါက်မြို့ပေါက် " ဇာတ်ကား မှာ သူမက ပါဝင် အားဖြည့်နေတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဟာသဇာတ်ကားလေး တစ်ခုဖြစ်ပြီး ရှုထောင့်ပေါင်းစုံ ကနေ ဟာသရသတွေပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်း လေးဖြစ်တာမို့ ပရိတ်သတ်တွေလက်မလွှတ် သင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ပရိတ်သတ်တွေရဲ့ ဘဝအမောတွေကို ခဏတာပြေပျောက်စေဖို့ အနုပညာသမားတွေက ဟာသဇာတ်ကားလေးတွေနဲ့ ကြိုးပမ်းသရုပ်ဖော်နေကြတာပဲ ဖြစ်ပါတယ်။

သွန်းဆက်ဟာ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေ ကလည်း မနည်းမနောပါပဲ။ ဇာတ်ကားပေါင်းမြောက်များစွာမှာ ပါဝင်သရုပ် ဆောင်ခဲ့ပြီး ပရိတ်သတ် အသိအမှတ်ပြုမင်းသမီးတစ်ဦးဖြစ်လာတာပဲဖြစ်ပါတယ်။ သူမပါဝင် သရုပ်ဆောင်ခဲ့တဲ့ " အထီးမှုန် " " အမမှုန် " စတဲ့ဇာတ်ကားတွေဟာ ပရိတ်သတ်တွေ အားပေးကြမ်းခဲ့တဲ့ ဟာသဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ တကယ့်ကိုပါးစပ်မစေ့နိုင်လောက် အောင် ရယ်ရတဲ့ဟာသဇာတ်ရုပ်ကို အပြည့်အ၀ သရုပ်ဖော်ထားနိုင်တာမို့ ပရိတ်သတ်အချစ် တော်လေးဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမက လူရိုင်းမလေးနေရာကသရုပ်ဆောင်နေတာဖြစ်ပြီး ဇာတ်ကားထဲ က သူမရဲ့ နာမည်ကတော့ အဂွန်းဖြစ်ပါတယ်။ လူရိုင်းမလေးအဂွန်းတစ်ယောက် ပရိတ်သတ် တွေကို ဘယ်လိုဟာသရသတွေ ပေးစွမ်းလည်းဆိုတာ ပိတ်ကားပေါ်မှာဆက်လက်စောင့် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ သူမရဲ့ရိုက်ကွင်းပေါ်က အဂွန်းအဖြစ်ပုံရိပ်လေးတွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Thun Sett's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။