ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် စနေနေ့တွင် ဘီလပ်မြေဖျော်စက် ၁၀ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ပါတယ်။အဆိုပါကားကတော့ AG အမျိုးအစားကားဖြစ်ပြီး ကားနံပါတ်ကတော့ 2L - 6426 ဖြစ်ပါတယ်။တိမ်းမှောက်မှုုဖြစ်ပွားခဲ့တဲ့နေရာကတော့ ဆီဆိုင်မြို့နယ် အောင်ချမ်းသာရပ်ကွက်နှင့် ထီတလိုးကျေးရွာကြား မှာဖြစ်ပြီး အချိန်ကတော့ မနက် ၆နာရီနဲ့မိနစ်၃၀ မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့်တပြိုင်နက် ဆီဆိုင်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ ရှာဖွေကယ်ရေးဝန်ထမ်းများက ထိုနေရာသို့သွားရောက်ကာ ကယ်ဆယ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ကားပေါ်မှာတော့ ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်နောက်လိုက်တဦးပါဝင်ပါတယ်လို့သိရှိရပါတယ်။ 

ကားမှောက်မှုမှာ ပြင်းထန်တာကြောင့် ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ ယာဉ်နောက်လိုက်ဖြစ်တဲ့ ကိုကျော်ထူး အသက်(၁၉) နှစ်ကိုသာအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပါတယ်။ကိုကျော်ထူးမှာ အသက်ရှင်သော်လည်း ဝဲဘက်နံရိုးတွေကျိုးကုန်တယ်လို့သိရပါတယ်။ ယာဉ်မောင်းဖြစ်တဲ့ ကိုမြင့်နိုင်ထွန်း အသက် (၄၀) နှစ်ကတော့ ယာဉ်တိမ်းမှောက်စဉ်မှာပင် အသက်ဆုံးရှုံးသွားခဲ့တယ်လို့သိရှိရပါတယ်။ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်နောက်လိုက်ကိုလဲ ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် ။

Source - Ko Zaw Htun Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။