ခုခေတ်မှာ အချစ်တွေကို တတ်တူးနဲ့ သက်သေပြတဲ့ နည်းဟာလည်း အတော်လေးကိုရေပန်းစားလာပါတယ် ။ ချစ်သူရဲ့ ပုံလေးကို ကိုယ့်ရဲ့ ခန္တာကိုယ်မှာ စွဲထင်နေတာမြင်ရတာလည်း စိတ်ချမ်းသာမှုတစ်မျိုးပဲ မဟုတ်ပါလား ။ အခုလည်း ပရိတ်သတ်အချစ်တော် အဆိုတော် ရဲရင့်အောင်ကတော့ သူ့ချစ်သူလေးပုံကို လက်ဖျံမှာ တတ်တူးထိုးလိုက်ပါပြီတဲ့ ။ 

အချစ်ရဲ့ သင်္ကေတ အဖြစ် ဖျက်ရခက်တဲ့ တတ်တူးနဲ့ သက်သေပြလိုက်တာမို့ သူ့ချစ်သူလေး မော်ဒယ် ဧငြိမ်းဖြူက အံ့သြဝမ်းသာနေပြီး သူတို့ရဲ့ ပရိတ်သတ်တွေကလည်း ၀ုိင်းဝန်းဂုဏ်ပြုနေကြပါတယ် ။ လက်ဖျံပေါ်မှာ ထိုးထားတဲ့ ဒီတတ်တူးလေးကိုတော့ ရဲရင့်အောင်က သူတို့ ချစ်သူနှစ်ဦးရဲ့ တစ်နှစ်ပြည့် Anniversary အတွက် အမှတ်တရ ထိုးပေးပြီး Surprise လုပ်ပေးခဲ့တာပါ ။ ဧငြိမ်းဖြူကတော့  

" I can't believe that !!!!

ပြောစရာစကားလုံးမရှိတော့လောက်အောင်ပါပဲ

ပျော်တာထက် ပို၀မ်းနည်းမိတယ် " လို့ ဆိုခဲ့ပါတယ် ။

သူတို့ချစ်သူနှစ်ယောက်ကို ကြည့်ရင်း သူတို့ရဲ့ ပရိတ်သတ်တွေကတော့ အားကျနေကြလေရဲ့ ... သူတို့နှစ်ယောက်ကတော့ အချိန်တွေကြာလေ အချစ်တွေခိုင်မြဲလာလေပါပဲ ပရိတ်သတ်ကြီးရေ ...

သတင်းအရင်းမြစ် A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။