"Gym တွေဘာတွေတော့ သေချာမဆော့ဖြစ်ပါဘူး" ဆိုတဲ့ ခိုင်သင်းကြည်

အနုပညာသက်တမ်းခိုင်မာမှု ပီပြင်ပြတ်သားတဲ့ သရုပ်ဆောင်မှု ကိုယ်ပိုင်ဟန်တည်ရှိမှုတွေကြောင့် မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းအကျော်အမော်တစ်ဦးဖြစ်နေသူကတော့ ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။ မြန်မာဗီဒီယိုဇာတ်ကားများစွာ ရုပ်ရှင်ကားကြီးများစွာတို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး ကျရာဇာတ်ရုပ်ပီပြင်စွာ ပရိသတ်အား ငိုစေငို ရယ်စေရယ် ပြုလုပ်နိုင်အောင် စွမ်းသော အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုတစ်ခုပိုင်ဆိုင်ထားပြီး ချစ်ရတဲ့ သမီးလေးတစ်ယောက်လည်း ရှိနေပါပြီ။ ဒီအချိန်ထိ အရွယ်တင်နုပျိုနေတဲ့ မခိုင်လေးတစ်ယောက် အလှအပလျှို့ဝှက်ချက်တွေ ကျန်းမာရေးနေထိုင်စားသောက်ပုံတွေကို မေးကြည့်ဖြစ်တဲ့ အခါမှာတော့………………

"အဓိကက ပျော်ပျော်နေတတ်တာပါပဲ။ ပျော်ပျော်နေတယ် သိပ်စိတ်ညစ်မခံဘူးပေါ့နော်။ ကိုယ်ရှိတာလေးနဲ့ ရသလောက် ရောင့်ရဲတင်းတိမ်ပြီးနေနိုင်တယ်ပေါ့နော်။ ကျန်းမာရေးနဲ့ပတ်သတ်ပြီးတော့လည်း အများကြီးတော့ အချိန်ပေးပြီးတော့ သိပ်မလုပ်ဖြစ်ဘူး။ သူများတွေဆို Gym တွေဘာတွေသွားတယ်။ ကောင်းတယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ မခိုင်တို့မှာကျ ရှုတင်ကတစ်ဖက် ရှုတင်မရှိတဲ့ရက်ဆိုလည်း ကိုယ့်မိသားစုကို အချိန်ပေးတာနဲ့ဘာနဲ့ ကားပိတ်တာရယ်နဲ့ဆိုတော့ မသွားဖြစ်ဘူး။ အိမ်ပေါ်မှာပဲ စက်ပေါ်တက်ပြီး လမ်းလေးလျှောက်လိုက်တာပေါ့နော်။ သမီးလေးက မွေးတုန်းက ခုနှစ်လနဲ့လမစေ့ပဲ မွေးတော့ ကိုယ်ကသေချာဂရုစိုက်တယ်။ ခုတော့လည်း ထွားလာတယ်။ ကို်ယ်သာ ပုကျန်နေတာ။ တစ်ခုတော့ ကောင်းပါတယ်။ အကျင်္ ီအဝတ်အစားတွေကျ size ကအတူတူပဲဖြစ်သွားတာပေါ့။ ကိုယ့်ဟာသူယူဝတ် သူ့ဟာကိုယ်ယူဝတ်ပေါ့" ဟု အကယ်ဒမီ ခိုင်သင်းကြည်ကပြောပြသွားပါတယ်။

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။