အောင်သူဟာPolice Teroအသင်းနဲ့ပထမဆုံးပွဲမှာအကောင်းဆုံးစတင်မှုတစ်ခုပြုလုပ်နိုင်ခဲ့ပါတယ်။ဘန်ကောက်FCနဲ့ကစားတဲ့ခြေစမ်းပွဲမှာ

အောင်သူဟာခြေစွမ်းပြကစားနိုင်ခဲ့ပြီးဂိုးနှစ်ဂိုးသွင်းယူ

ပေးခဲ့ပါတယ်။အသင်းနဲ့အလျင်အမြန်အထိုင်ကျပြီးခြေစွမ်း

ဂိုးတွေသွင်းယူပေးဖို့ဆိုတာတကယ်မလွယ်တဲ့ကိစ္စတစ်ခုပါ။

တယ်ရိုအသင်းဟာဒီပွဲကိုရာသီကြိုခြေစမ်းပွဲတစ်ပွဲအနေနဲ့

ကွင်းပတ်ကစားခဲ့တာပါ။ပထမပိုင်းမှာပဲအောင်သူကနှစ်ဂိုး၊

အောင်သူရဲ့တွဲဘက်ပြင်သစ်တိုက်စစ်မှူးအန်ဒရီကတစ်ဂိုး

နဲ့ဘန်ကောက်ကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ဒုတိယပိုင်းမှာတော့လူငယ်ကစားသမားတွေ

ထည့်သွင်းပြီးကစားကွက်စမ်းသပ်မှုတွေပြုလုပ်ခဲ့တာကြောင့်

ဒုတိယပိုင်းမှာသုံးဂိုးပြန်ထည့်ခံရပြီးပွဲအပြီးမှာသရေကျခဲ့

ပါတယ်။နေရာဒေသအသစ်မှာရုန်းကန်ရမယ်လို့အောင်သူ

ကိုထင်မှတ်ခဲ့ကြပေမယ့်ဒီထင်မြင်ချက်တွေကိုအောင်သူ

သူ့ရဲ့သွင်းဂိုးတွေနဲ့ချေဖျက်ပြခဲ့ပါတယ်။အောင်သူခြေစွမ်း

ပြနိုင်ပေမယ် ့ချင်ရိုင်းအသင်းမှာကစားနေတဲ့ကျော်ကိုကိုကတော့အသားကျဖို့ကြိုးစားနေရဆဲပါ။

အောင်သူဟာထိုင်းဘောလုံးလောကမှာမြန်မာပြည်ရဲ့ပုံရိပ်

တစ်ခုအလျင်အမြန်ဖြစ်လာပါတယ်။ထိုင်းမီဒီယာတွေမှာ

သူ့အကြောင်းတွေဟာပလူပျံနေပြီးတယ်ရိုအသင်းရဲ့Icon

တစ်ယောက်လည်းအချိန်တိုလေးအတွင်းဖြစ်လာခဲ့ပါတယ်။

တယ်ရိုအသင်းရဲ့အောင်သူမားကတ်တင်းတွေကလည်း

ကြောက်ခမန်းလိလိပါပဲ။မနေ့ကဆိုရင်အသင်းပိုင်ကော်ဖီ

ဆိုင်ဖွင့်ပွဲကျင်းပခဲ့ပြီးအဆိုပါပွဲကိုအောင်သူရဲ့ပုံရိပ်

အသုံးပြုပြီးကျင်းပခဲ့ပါတယ်။ဒါ့အပြင်အသင်းရဲ့လူငယ်

အကယ်ဒမီဖွင့်ပွဲကိုလည်းအောင်သူကိုတက်ရောက်ဖွင့်လှစ်

စေခဲ့ပါတယ်။အသင်းရဲ့Iconဖြစ်ပြီးခြေစွမ်းပြဂိုးတွေသွင်းယူ

နိုင်ခဲ့လို့တယ်ရိုပရိသတ်တွေအောင်သူမှအောင်သူ

ဖြစ်နေကြပါပြီ။

Source-Tero

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။