မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ လက်စတာအသင်းတို့ဟာ ဂိုးမရှိသရေ ရလဒ်နဲ့ ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းအတွက် လေးပွဲဆက်တိုက် သရေကျခဲ့တာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ ရမှတ် ၄၇ မှတ်ရယူထားပြီး အဆင့် ၃ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းကတော့ ၃၁ မှတ် ရယူထားကာ အဆင့် ၈ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ မိုရာတာ၊ ဟာဇတ်၊ မော့ဆက်၊ ဘာကာယိုကို၊ ကန်တေ၊ ဖာဘရီဂတ်၊ အလွန်ဆို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဗာဒီ၊ အိုကာဇာကီ၊ အယ်ဘရိုက်တန်၊ ဂျိန်း၊ အမ်ဒီဒီ၊ မာရက်စ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ အပြန်အလှန် တိုက်စစ်ဆင်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ သုံးပွဲဆက်တိုက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းက ထိုးဖောက်တိုက်စစ်ဆင်မှုတွေက ချဲလ်ဆီးအသင်းထက် ပိုမိုထိရောက်ခဲ့တာတွေ့မြင်ခဲ့ရပါတယ်။၆၈ မိနစ်မှာတော့ လက်စတာနောက်ခံလူ ဘန်ချေဝဲလ် နှစ်ဝါတစ်နီနဲ့ ထုတ်ခံခဲ့ရပေမဲ့ ကျန်ပွဲချိန်မှာ ချဲလ်ဆီးအသင်း အခွင့်ရေးကို အရမယူနိုင်ခဲ့ပါဘူး။ပွဲပြီးဆုံးချိန်မှာတော့ သရေ တစ်မှတ်စီ ခွဲယူခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။