မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းမှာ ဗီလာရီးရဲလ်အသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါဖလား မျှော်လင့်ချက်ဟာ အနည်းငယ်မှေးမှိန်စေခဲ့တာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၆ မှတ် ကွာဟနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ရမှတ် ၃၂ မှတ် ရရှိထားကာ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စီရော်နယ်ဒို၊ ဂါရတ်ဘေလ်း၊ အစ္စကို၊ မိုဒရစ်၊ ကတ်စမဲရိုး၊ တိုနီကရူး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဗီလာရီးရဲလ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ကားလို့စ်ဘက်ကာ၊ ရာဘာ၊ ဖော်နယ်၊ ထရီဂူးရက်၊ ဟာနန်ဒက်၊ ကာစတီလီဂျို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဗီလာရီးရဲလ် ခံစစ်ကစားသမားတွေနဲ့ ဂိုးသမား အဆန်ဂျို တို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချူပ်ကာကွယ်နိုင်ခဲ့တာကြောင့် အနိုင် သုံးမှတ်ကို ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်း အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၈၇ မိနစ်မှာ ဖော်နယ် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဗီလာရီးရဲလ်အသင်းဟာ ယခုနိုင်ပွဲကြောင့် အဆင့် ၅ နေရာမှာရှိနေတာဖြစ်ပြီး အဆင့် ၄ နေရာက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၁ မှတ်သာ ကွာယနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းကတော့ နောက်ထပ်ခြေချော်လို့ မရတော့တဲ့ အခြေအနေဖြစ်နေခဲ့ပြီလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။