မြန်မာနေရှင်နယ်လိဂ်ပထမဆုံးရက်သတ္တပတ်ရဲ့ပွဲစဉ်တွေကို

ကျင်းပလာတာသုံးပွဲမြောက်ရှိပါပြီ။ထူးခြားမှုတစ်ခုကအဆိုပါသုံးပွဲစလုံးဂိုးမရှိသရေရလဒ်တွေ

ထွက်ပေါ်ခဲ့တာပါပဲ။စစ်ကိုင်းနဲ့ရခိုင်နဲ့ပွဲကစလို့ရှမ်းနဲ့ဇွဲကပင်၊

မနေ့ကကစားခဲ့တဲ့မကွေးနဲ့မြဝတီတို့ရဲ့ပွဲတွေမှာဂိုးသွင်းယူ

နိုင်ခြင်းမရှိသေးပါဘူး။တန်းတက်အသင်းတွေဖြစ်တဲ့မြဝတီနဲ့

စစ်ကိုင်းတို့ဟာနေရှင်နယ်လိဂ်အသင်းကြီးတွေဖြစ်တဲ့ရခိုင်နဲ့

မကွေးကိုသရေကစားနိုင်ခဲ့တာအသိအမှတ်ပြုရမှာပါ။

မနေ့ကကစားခဲ့တဲ့မြဝတီအသင်းနဲ့မကွေးတို့ရဲ့ပွဲဟာအကြိတ်

အနယ်နဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။နှစ်သင်းစလုံးမှာနိုင်ငံခြားသားကစားသမားတွေပါဝင်ခြင်းမရှိပဲ

ပြည်တွင်းပလေယာတွေနဲ့ပဲယှဉ်ပြိုင်ခဲ့ကြတာပါ။နှစ်တိုင်းလိုလို

မြင့်မားတဲ့ခြေစွမ်းကိုပြနိုင်တဲ့မကွေးဟာဒီနှစ်မှာတော့စုဖွဲ့မှု

လျော့ပါးသွားပြီးနည်းုပကလည်းအသစ်ဖြစ်နေတာကြောင့်

အသားမကျသေးဘူးလို့သတ်မှတ်ရမှာပါ။ချီးကျူးရမှာက

နေရှင်နယ်လိဂ်အသင်းကြီးဖြစ်တဲ့မကွေးကိုသရေကစားခဲ့တဲ့

မြဝတီပါပဲ။ကျော်ဇင်လွင်၊နန္ဒကျော်၊မောင်မောင်စိုးစတဲ့

လက်ရွေးစင်အဆင့်ကစားသမားတွေပါဝင်တဲ့မကွေးကို

မြဝတီအသင်းသားတွေရှိန်မနေပဲကစားခဲ့ကြတာပါ။

ုုမြဝတီတောင်ပံကစားသမားသက်ပိုင်ကိုဟာမြန်မာ့လက်ရွေး

စင်မကွေးနောက်ခံလူကျော်ဇင်လွင်ကိုတစ်ချိန်လုံးဒုက္ခပေး

နိုင်ခဲ့ပါတယ်။မြဝတီဟာဂိုးရဖို့နီးစပ်ခဲ့ပေမယ့်မကွေးဂိုးသမား

ကျော်ဇင်ဖြိုးကာကွယ်မှုတွေကောင်းလွန်းနေလို့သာဂိုးမရခဲ့တာပါ။မကွေးအသင်းတိုက်စစ်မှူးစိုးလွင်လွင်ဟာအတွေ့အကြုံ

နုနယ်သေးတာကြောင့်မြဝတီကစားသမားတွေအလွယ်တကူထိန်းချုပ်နိုင်ခဲ့တာတွေ့ရပါတယ်။ပွဲအပြီးမှာတော့တစ်ဖက်နဲ့တစ်ဖက်ဂိုးမရှိသရေရလဒ်ထွက်ပေါ်

ခဲ့ပြီးမြဝတီဟာမကွေးဆီကအဖိုးတန်အမှတ်တစ်မှတ်ခွဲယူ

သွားခဲ့ပါတယ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။