ပရိသတ်တွေတွေရောပရိသတ်ချစ်တဲ့ အနုပညာရှင်တွေအားလုံးပါ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ယခုနှစ်ရဲ့အကယ်ဒမီဆုပွဲကြီးဟာ မကြာခင်မှာကျင်းပတော့မှာပဲဖြစ်ပါတယ်။အကယ်ဒမီနဲ့ ပတ်သတ်ပြီး အနုပညာရှင်တွေရဲ့ ရင်ခုန်သံတွေဟာလည်း ပိုမိုမြန်ဆန်စိတ်ရှုပ်ရှားနေကြပြီ ပဲဖြစ်ပါတယ်။အကယ်ဒမီအတွက် ရင်ခုန်နေကြတဲ့ ပရိသတ်အချစ်တော်တွေထဲက မှ မင်းသားချောပြေတည်ဦးရဲ့ ရင်ခုန်သံစကားလေးတွေကို လည်းမျှဝေပေးချင်ပါတယ်။  

ထပ်ဆင့်အကယ်ဒမီပြေတီဦးကတော့ အနုပညာရှင်တွေရဲ့ မှတ်တိုင်ဖြစ်တဲ့ အကယ်ဒမီဆုကြီးကို ယခင်နှစ်တွေမှာဆက်တိုက်ဆွတ်ခူးခွင့်ရခဲ့တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ယခုနှစ်မှာလည်း အကယ်ဒမီးအတွက် ပရိသတ်တွေထင်ကြေးပေးခံနေရတဲ့ အနုပညာရှင်စာရင်းထဲမှာ ပါဝင်သူတစ်ဦး ပဲဖြစ်ပါတယ်။ပြေတီဦးအနေနဲ့ကတော့ ဆုနဲ့ပတ်သတ်လာရင်ကံကောင်းတက်ပါတယ် လို့အင်တာဗျူးတစ်ခု မှာဖြေဆိုထားတာပဲဖြစ်ပါတယ်။ 

အားကစာပြိုင်ပွဲတွေ စာစီစာကုံးပြိုင်ပွဲကဗျာစတဲ့ပြိုင်ပွဲတွေမှာလည်း ဆုလေးတွေရတက်တဲ့ ကံလေးကငယ်စဉ် ကတည်းကရှိပါတယ်လို့ဆိုပါတယ်။နောက်ဆုံးနှစ်သိမ့်ဆုလေးဖြစ်ဖြစ်တော့ ရပါတယ်လို့ဆိုပါတယ်။နှစ်သိမ့်ဆုအနေနဲ့တောင် တခြားနှစ်တွေမှာသုံးဆုလောက်ပဲပေးတယ် ဆိုရင်သူပါဝင်နှစ်ကျ ဆယ်ဆုလောက်ပေးတော့နှစ်သိမ့်ဆုက ရသွားပြန်ပါတယ်လို့ဆိုပါတယ်။အတိတ်ဘဝရဲ့ကံတွေကြောင့်အခုလိုနဲ့ဆုနဲ့ ပတ်သတ်ပြီးကံကောင်းတယ်ပဲပြောရမယ် ဆိုပေမယ့် တခြားနေရာတွေမှာတော့ တော်တော်ကံဆိုးခဲ့ဖူးပါတယ် လို့ပြောပါတယ်။

ယခုနှစ်အကယ်ဒမီအတွက်လည်းအများကြီးတော့မျှော်လင့်မထားပါဘူး အဓိက ပရိသတ်ချစ်တဲ့ အချစ်တွေနဲ့ဆက်လက်ကြိုးစားနေမှာ ပါလို့အင်တာဗျူးမှာဖြေကြား ခဲ့တာပဲဖြစ် ပါတယ်။ပြေတီဦးက ၂၀၁၀ ခုနှစ်တွင် အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ် ဇာတ်ကား၊ ၂၀၁၂ ခုနှစ်တွင် လက်ပံဇာတ်ကား၊ ၂၀၁၃ ခုနှစ်တွင် နင်စေရင် ဇာတ်ကားနှင့်၂၀၁၄ ခုနှစ်တွင် နှလုံးသားဖြင့်ပြုလုပ်သည် ဇာတ်ကား တို့ဖြင့် အမျိုးသားဇာတ်ဆောင် အကယ်ဒမီများ ရရှိထားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ပြေတီဦး(cele 7 )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။