မြန်မာနိုင်ငံရဲ့ နာမည်ကြီး လူသိများတဲ့ ဆယ်လီတွေထဲမှာ နာမည်ကြီးမော်ဒယ်လ် သန္တာလှိုင် တစ်ဦးလည်း ပါဝင်ပါတယ်။ သူမဟာ အမျိုးသမီးငယ်အများစုက အတုယူရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမကြုံတွေခဲ့ရတဲ့ ဘဝရဲ့ အတွေ့အကြုံတွေ အမျိုးသမီးတွေအနေနဲ့ ပြုသင့် မပြုသင့်တဲ့ အချက်လေးတွေကိုလည်း သူမရဲ့ လူမှုစာမျက်နှာကတဆင့် အမြဲမျှဝေပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း သန္တာလှိုင်တစ်ယောက် အမျိုးသမီးတွေအနေနဲ့ သတိထားသင့်တဲ့ အချက်တစ်ချက်ကို ယခုလို အတုယူဖွယ်ရေးသားထားပါတယ်။

"ဒီနေ့ သူက ခြေထောက်လေးကို လာနမ်းရင်းနဲ့ သူများကို "မာမီ ခြေသလုံးမွေးတွေနဲ့" တဲ့....

ဟင်.... ဘယ်မှာရှိလို့လဲ? မြင်တောင် မမြင်ရဘူး? ကိုယ့် ခြေသလုံးက အမွေးအမျှင်က အနီးကပ်ကြည့်ရင်လဲ အရမ်း သေးမျှင်နေလို့ မမြင်ရပါဘူး ဆိုနေမှပဲ.....

ဒါပေမယ့် သူတို့ ရွယ်တူ သူ့သူငယ်ချင်း ယောက်ကျားလေးတွေ ဆုံရင်တော့ (အနောက်တိုင်းသားဖြစ်ဖြစ် အာရှသားဖြစ်ဖြစ်) ကောင်မလေးတွေ ချေသလုံးမွေး မရိတ်ထားရင် Jungle feet လို့အတင်းပြောပြီး ဟားနေကြတာတော့ ၃ ၄ ခါရှိပြီ သတိထားမိတယ်။

ကောင်မလေးတွေ သတိထားရအောင် သတင်းပေးတာနော်...." ဆိုပြီး သူမက ရေးသားထားပါတယ် ပရိသတ်ကြီးရေ....

Source: Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။