အစိမ်းရင့်ရောင်အရွက်တွေပို်င်ဆိုင်ထားတဲ့ ကိုက်လန်က မိတ်ဆွေတို့အတွက် ကျန်းမာရေးကောင်းစေတယ် ဆိုတာသိပါသလား။ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ ကိုက်လန်ဟာစျေးအသင့်အတင့်ရှိပြီး ဘယ်နေရာမ ဆိုဝယ်ယူစားသုံးနိုင်ပါတယ်။ ဘယ်အစားစားမဆို ခန္ဓာကိုယ်အတွင်း အကျိုးပြုပါတယ်နော်။ ကိုက်လန်မှာ ပါရှိတဲ့ ကယ်လိုရီဟာ အဆီဓတ်လျော့နည်းစေမှာဖြစ်ပါတယ်။ အမျှင်ဓာတ် ၅ ဂရမ်နှင့် ကယ်လိိုရီ ၃၆ ပါရှိ တဲ့အတွက် အစာခြေစနစ်ကို ပိုကောင်းမွန်စေပါတယ်။ ကိုက်လန်မှာ သံဓာတ်တွေလည်း ပါဝင်ပါသေးတယ် ။အမဲသားတွင်ပါဝင်တဲ့ သံဓာတ်ထက်ကိုက်လန်မှာ ပါဝင်တဲ့သံဓတ်က ပိုများနေတာတွေ့့ရပါတယ်။ သံဓာတ်ကိုပြည့်ဝစွာရရှိတဲ့ ခန္ဒာကိုယ်ဟာ ဟေမိုဂလိုဘင် နှင့် အင်ဇိုင်းမာဝေဒနာအတွက် သက်သာစေတဲ့ အာနိသင်တွေပါရှိပါတယ်။ 

ကို်ယ်တွင်းအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပို့ဆောင်ခြင်း ၊ဆဲလ်ကြီးထွားခြင်း အသည်းရဲ့လုပ်ဆောင် ချက်ကိုလုပ်ဆောင်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။ကင်ဆာရောဂါ၊ အင်ဇုင်းမာရောဂါအတွက် ဗီတာမင်ကေ ဓာတ်များစွာလည်းပါဝင်တယ်နော်။ သွေးခဲခြင်း၊ အရိုးကျန်းမာခြင်း၊ ကိုကာကွယ်ပေးပါတယ်။ ကာရိုတီးနွိုက် နဲ့ဖလေဗိုးနွိုက် ၊အင်တီအောက်ဆီးဒင့်များစွာ ပါဝင်တဲ့အတွက် ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်နော်။အိုမီဂါ ၃ ဖက်တီအက်စစ် ၁၀ရာခိုင်နှုန်း ပါဝင်တဲ့အတွက် ကိုက်လန်တစ်ခွက် စာကရောင်းရမ်းနာကျင်မှု ကိုလျော့ကျစေတဲ့အပြင်၊ ပန်းနာရင်ကျပ် ကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ နှလုံး သွေးကြောနှင့် မကောင်းတဲ့ ကို်လက်စထရောတွေကိုလျော့ကျစေဖို့ ကိုက်လန်က အထောက်အကူပြုနိုင်ပါ တယ်။

ဗီတာမင်အေဓာတ်ကြွယ်ဝတဲ့အတွက်လည်း အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အဆုတ်ဝေဒနာ နှင့် ခံတွင်းကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဗီတာမင်စီ ပါဝင်တဲ့အတွက်ကိုယ်ခံအားစန်စ်ကို ကောင်းမွန်စေပြီး အိုမင်းရင့်ရော်ခြင်း ၊ ရေဓာတ်ပြည့်ဝခြင်းအတွက် ကောင်းမွန်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ နွားနို့ထက်ပိုတဲ့ ကယ်လ်စီယမ်ပါရှိသဖြင့် အရိုးပါးခြင်း၊ အရိုးပွခြင်း၊ ၊အရိုးအဆစ်သန်စွမ်းခြင်းတို့ကို အထောက်အကူပြုပေးနိုင်ပါတယ်။ ဆာလဖာ၊ နှင့်အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက်ကိုယ်တွင်းအဆိပ် အတောက်တွေကို ဖယ်ရှားသန့်စင်စေပါတယ်။ ကဲဒီလောက်ဆို ကိုက်လန်ရဲ့ကောင်းကျိုးတွေသိပြီးမို့ နေ့စဉ် စားပေးဖို့မမေ့နဲ့နော် ။အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source : မြဝတီ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။