မိုးရာသီမှာ အများအားဖြင့် စားသုံးနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ ပွားများစွာတွေ့ရှိနိုင်ပါတယ်။ ငါးအသေး လေးတွေကို ခေါင်းတစ်ရာသားဟုပြောဆိုကြပြီး အရိုးများသန်မာစေခြင်းအတွက် အထောက်အကူပြုစေနိုင် ပါတယ်။ တစ်ချို့ကလေားတွေဆိုရင် ငါးသေးသေးလေးတွေကို စားရမှာ စိုးကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေး အတွက်များစွာ အကျူုိးပြုနေတယ်ဆိုတာကိုတော့ မေ့လျော့နေကြပါတယ်။ငါးသေးသေးလေးတွေကို အိုးကပ် ချက်ပြီး ပင်စိမ်းရွက်များအုပ်ပြီး ချက်စားပါက အလွန်ထမင်းမြိန်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ တစ်ချို့က ဆန်မှုန့်ဖြင့် အနှစ်လုပ်ကာကျော်စားလည့်ရှိကြပါတယ်။ 

ဆီပြန်ဟင်းလည်း ချက်စားကြသလို၊ ဒီအတိုင်းကျော် စားနိုင်ပါတယ်နော်။ ခေါင်းတရာသားကိုစားခြင်းဖြင့် အရိုအဆစ်တွေသန်မာစေပြီး အရိုးရော၊ အခေါင်းရော ဝါးစားမှသာ ကျန်းမာရေးကောင်းကျိုးရစေမှာဖြစ်ပါတယ်။ ယခုအချိန်တွင် အရိုးအဆစ်မကောင်းသူ၊ လေးဘက်နာဖြစ်သူများဟာ အလွန်များပြားလျှက်ရှိပါတယ်။ အရိုး အဆစ်တွေသန်မာဖို့အတွက် နို့နှင့် ငါးများများ စားရန်လိုအပ်ပေသည်။ အရိုးပွရောဂါဖြစ်ရခြင်းအကြောင်း ကတော့ အမျိုးသားတွေအနေနဲ့( အသက် ၅၀) ကျော်လာတာနဲ့အမျှဖြစ်တတ်ပြီး၊ အမျိုးသမီးတွေအနေနဲ့ သွေးဆုံးပြီးနောက် ဖြစ်လာတာတွေ့ရှိရပါတယ်။ ကိုယ်တွင်း ပထဝီဓာတ်လျော့နည်းလာတဲ့အခါ အရိုးပွ၊ အရိုးပါး ခြင်းဖြစ်ပေါ်လာပါတယ်။ ငါးသေးသေးလေးတွေစားခြင်းက လေဖြတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ် ။ 

ငါသေးသေးလေးတွေစားပေးပါက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးပြုနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပ့ံပေးပါတယ်။ကယ်လ်စီယမ်၊ ဗီတာမင်ဒီ ပါဝင်မှု ေ ကြာင့် အရိုးအဆစ်တွေသန်မာစေပါတယ်။ ဒါကြောင့် ငါးဆိုရင် သေးသေးလေးကအစ ကျန်းမာရေးအတွက် ထောက်ကူပေးပါတယ်နော်။ အသားတွေကို စားနေမဲ့အစာ အာဟာရပြည့်ဝမဲ့ ငါးတွေစားပေးပါလို့တိုက်တွန်း တိုက်ပါရစေနော်။ အားလုံးကျန်းမာပျော်ရွင်ပြီး အသက်ရှည်ကြပါစေ။

မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။