အသီးမှာသရက် အသားမှာဝက် ဆိုုရိုးစကားတောင်ရှိတယ်မလား၊ ဒီလိုပါပဲ ဝက်သားမကြုက်တဲ့သူဆိုရင် ဘယ်လိုလူလဲဆိုပြီးတော့ ခနဲချင်ကြပါတယ်နော်။ ဝက်သားဒုတ်ထိုးကြိုက်မှကြိုက် ပေါ့ ။ဒါပေမဲ့ မိတ်ဆွေတို့ စားနေတဲ့ ဝက်သားဟာကျန်းမာရေးနှင့် မညီညွတ်ဘူးဆိုတာသိပါသလား။ ဝက်သားမှာ တစ်ခြားတိရစ္ဆာန် တွေလို ချွေးဂလင်းမပါရှိပါဘူး။ ချွေးဂလင်းဆိုတာ ကိုယ်အတွင်းက အညစ်အကြေးတွေကိုစွန့်ထုတ်ပေးတဲ့ အရာတစ်ခုပါနော်။ ချွေးဂလင်းမပါတဲ့ ဝက်ဟာအညစ်အကြေးတွေအပြင်မထွက်ပဲ အသားထဲစိမ့်ဝင်နေမှာ သေချာတာပေါ့။ ဒါကြောင်း ဝက်သားကစားသင့်သလား မစားသင့်ဘူးလား သေချာဆုံးဖြတ်ပါနော်။ ပြီးတော့ ဝက်တို့ပျော်မြူးတဲ့နေရာက ရွှံ့နွံလိုနေရာမျိုးကိုကြိုက်ကြပါတယ်နော်။ သေချာမျက်လုံးထဲမြင် ယောင်မိနေတယ်။ဘက်တီးရီးယားပိုးမွှားတွေ ကြိုက်တဲ့နေရာပေါ့ ။ကျန်းမာရေးအတွက် မိတ်ဆွေ စဉ်စားဖို့ အတွက်ပြောတာပါနော်။

ဝက်သားများများစားပါက ကျောက်ကပ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးအစုံပါပဲ ။မစားပါနဲ့လို့မတားပါဘူးနော်။ မိတ်ဆွေကျန်းမာရေးအတွက်ပြောတာပါ ။သွေးတိုးရှိတဲ့သူတွေကတော့ ဝက်သားကိုရှောင်ကြပါတယ်။ ဝက်မှာပါတဲ့ တုပ်ပြားကောင်တွေက အစာအိမ်ထဲကအက်ဆစ်တွေကို သူတို့မျိုးပွားဖို့အတွက်တောင် အသုံး ချနိုင်တယ်လို့ဆိုပါတယ်။တုပ်ပြားကောင်တွေဟာ လူ့အစာအိမ်ထဲက အာဟာရတွေကို စုပ်ယူပြီး အနည်း ဆုံး ၆(ပေ) မှ ၂၅ (ပေ) အထိရှည်လျာကြပါတယ်။တုပ်ပြားကောင်တွေကို အူလမ်းကြောင်ထဲကြာကြာ နေခွင့်ပေးမယ်ဆိုရင်တော့ အသက်ဆုံးရူံးနိုင်တဲ့ အခြေအနေထိဖြစ်လာနိုင်ပါတယ်။သန်ကောင်နှင့် တုတ်ပြားကောင်မတူလှပါဘူး။ သန်ကောင်တွေကိုဆေးနဲ့သတ်နိုင်ပေမဲ့ တုပ်ပြားကောင်တွေ ကတော့တော ရုံနဲ့မသေကြပါဘူး။ ဒါကြောင့် ဝက်သားစားမယ်ဆို ပွပွဆူအောင်ကျက်အောင်ချက်ဖို့အရေးကြီးပါတယ်နော်။ 

သာမန်အပူချိန်ဆိုရင် တုတ်ပြားကောင်တွေက မမှု့ပါဘူး။ ကဲဝက်သားနဲ့ပတ်သက်ပြီး ကျနး်မာရေးအတွက် တင်ပြခဲ့တာမို့ စားသင့်လားမစားသင့်ဘူးလားဆိုတာ ကိုယ်ကိုတို်င်ပဲစဉ်းစားပါနော်။ ဘာပဲဖြစ်ဖြစ် အစား တစ်ခုစားတော့မယ်ဆိုရင် ဒါဟာကိုယ်နဲ့ တည်ရဲ့လား ကိုယ်စားလိုက်လို့ ကျန်းမာရေးအတွက်ကောင်းကျိုး ရှိရဲ့လားဆိုတာ စဉ်စားပြီးမှစားသင့်ပါတယ်။ အသွားမတော်တစ်လမ်း အစားမတော် တစ်လုပ် ဆိုသည့် အတိုင်း ချင့်ချိန်ပြီး စားသောက်နိုင်ကြပါစေလို့ဆိုတောင်းပေးလိုက်ရပါတယ်။

Source : Love buds 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။