မနက်မိုးလင်တာနဲ့ ပဲပြုတ်…ဆိုတဲ့အော်သံကြားတာနဲ့ မျက်လုံးပွင့်နေကြ။ အိပ်ယာထဖို့ နိုးစက်သံပေး သလိုပါပဲ ။ မြန်မာနိုင်ငံသားတွေအတွက် ပဲပြုတ်ကို လွယ်တကူရရှိနိုင်ပြီး မနက်စားထမင်းကို ပဲပြုတ်လေးနဲ့ စားလိုက်ခြင်းက တစ်ကယ်ကို အာဟာရပြည့်ဝစေပါတယ်။ ပဲပြုတ်ကို ထမင်းကြော် ၊နံပြား၊ အီကြာကွေး တွေနဲ့တွဲဖက်စားသုံးနိုင်သလို၊ ထမင်းဆီဆမ်း ပဲပြုတ်လေးနဲ့ဆို ကောင်းမှကောင်းပေါ့။ လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ပေါ့။ မြန်မာရိုးရာအစားစားတွေမှာလည်း မပါမဖြစ် ပဲပြုတ်ပါ နော်။ ပဲပြုတ်နှင့် မျှစ်ဆိုရင်လည်း အရသာတကယ်ရှိတဲ့ဟင်းတစ်ခွက်ပေါ့။ မိတ်ဆွေတို့နေ့တိုင်း စားနေကြ တဲ့ ပဲပြုတ်ကအာဟာရပြည့်ရုံတင်မကပါဘူး။ ကျန်းမာရေးအတွက် ဗီတာမင် နှင့် သတ္တုဓာတ်တွေ အများ ကြီးပါရှိနေပါတယ်။ နေ့စဉ်စားပေးပါက ကိုလက်စထရောအတွက်လုံးဝစိတ်ပူစရာမရှိဘဲ အာဟာရများစွာရရှိ စေမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ထိမ်းသိမ်းနေတဲ့သူတွေအနေနဲ့ ပဲပြုတ်ကိုစားပေးပါက အဆီဓာတ်မတက်ခြင်း၊ ကယ်လိုရီ ပါဝင်မှုနည်းပါခြင်းတို့ကြောင့် စားကိုစားပေးသင့်ပါတယ်နော်.။အမျှင်ဓာတ်ပါဝင်ခြင်း ကအစာခြေစနစ်ကို ကောင်းမွန်စေပြီး ကြွက်သားများလှုပ်ရှားခြင်းကို အားပေးသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ သွေးထဲ မှာရှိတဲ့မကောင်းသောကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ဒါအပြင် သွေးအားနည်းခြင်း၊ မောပန်းခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့အတွက် သံဓာတ်ကိုအခြေခံထားတဲ့ ပဲပြုတ်ကိုစားပေးပါက အဆုတ် ထဲထိအောင် အောင်စီဂျင်ကိုကိုယ်အနှံပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာသူတွေဟာ မျက်စေ့ရောဂါ ၊မျက်စေ့ရေတိမ် စတဲ့ဝေဒနာတွေအတွက် ပဲပြုတ်မှာပါရှိတဲ့ lutein ၊ caroteneoid တို့က ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ ပဲပြုတ်ကိုစားပေးသင့်ပါတယ်။

ပဲပြုတ်မှာ ဗီတာမင်ကေ ၄၄ ရာခိုင်နှုန်း နှင့် ဗီတာမင်ဘီတွေလည်းပါရှိသဖြင့် အရိုးပွခြင်း၊ ကိုကာကွယ် ပေးပါတယ်။သွေးထဲသကြားပမာဏကို ပုံမှန်ဖြစ်စေပါတယ်။ပဲပြုတ်ထဲပါရှိတဲ့ flavonoids ၊ phytonutrients များက သွေးကြောနံရံကျပ်ပိတ် ခြင်း၊ သွေးကြောများပျက်စီးခြင်း၊ အဆီပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆစ် ရောင်လေးဘက်နာ၊ ဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။ ပဲပြုတ်ထဲမှာ ဗီတာမင် အေ၊ဘီ၊စီ၊အီး၊ တို့ပါရှိခြင်း ကြောင့် လေပြွန်ရောင်ခြင်း၊မှက်ခရု ၊အယ်လ်ဇိုင်မား၊ ရောဂါတွေကိုသက်သာစေပါတယ်။ ဆီးချိုဝေဒနာရှင် တွေအတွက် အကောင်းဆုံး အစားစားဖြစ်ပါတယ်ရှင့်။ပြီးတော့ ပဲပြုတ်မှာ အစာအိမ်ကင်ဆာကိုကာကွယ် နိုင်တဲ့အစွမ်းသတိလည်း ရှိပါတယ်နော်။ သွေးတိုးဆိုလုံးဝမဖြစ်စေရပါဘူး။ ဖောလိပ်ဓာတ်ပါရှိတဲ့အတွက် ကလေးငယ်တွေအတွက်ပါ ဦးနှောက်နှင့် အာရုံကြောကို ဖွံဖြိုးဖို့ အထောက်အကူပေးမှာဖြစ်ပါတယ်။ နောက်ဆုံးသတိထားရမဲ့ တစ်ချက် က purines ဓာတ်ပါရှိနေတဲ့အတွက် ကျောက်ကပ်ဝေဒနာနှင့် ဂေါက်ရောဂါဖြစ်နေသူတွေ ဆိုးကျိုးဖြစ်စေ နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။

Source : pauk pauk 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။