"အနုပညာပျိုးခင်း" ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို အနုပညာလောကရဲ့ နာမည်ကြီး မင်းသမီးတစ်လက်လည်း ဖြစ်သူကတော့ မင်းသမီး ရွှေမှုန်ရတီဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်ပေမဲ့ သရုပ်ဆောင်ဖက်မှာ ပါရမီပါသူတစ်ဦးဖြစ်ပြီး လက်ရှိမှာ နာမည်ကြီး ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ 

ပရိသတ်တွေကြား အချေမင်းသမီးလေးလို့ နာမည်ကြီးတဲ့ သူမရဲ့ အချစ်ရေးဟာလည်း စိတ်ဝင်စားစရာပါ။ နာမည်ကြီး အနုပညာရှင်ပေမယ့် အချစ်ရေးကို သိုဝှက်ထားလေ့မရှိဘဲ အမြဲ ပွင့်ပွင့်လင်းလင်းချပြလေ့ရှိသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ချစ်ရတဲ့ ရွှေမှုန်တစ်ယောက် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ရောက်ရှိနေပြီး လူမှုစာမျက်နှာထက်မှာတော့ ပဲရစ်တစ်ခွင်မှာ ရိုက်ကူးထားတဲ့ သူမရဲ့ အလှဓာတ်ပုံတွေဟာ ရေပန်းစားလို့နေပါတယ်။

လက်ရှိ သူမရဲ့ လူမှုစာမျက်နှာနောက်ဆုံး post အရ ရွှေမှုန်ရတီတစ်ယောက် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ သူမရဲ့ လူမှုစာမျက်နှာမှာတော့ "သဲကို အဖတ်မလုပ်ရင် အရမ်းမုန်းတယ်" ဆိုပြီး angry feeling နဲ့ ရေးသားပြီး တင်ထားပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ ထို post အောက်မှာ သူတို့ရဲ့ idol ကို ဝိုင်းပြီး နှစ်သိမ့်အားပေးစကား ဆိုထားကြပါတယ်။

Source: Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။