ပရိသတ်အချစ်တော်တွေကို မြင်တွေ့နေကြတဲ့ပုံစံလေးတွေ မဟုတ်ပဲ ထူးခြားဆန်းသစ်တဲ့ လူရိုင်း ပုံစံလေးတွေနဲ့ဲမြင်တွေ့ရတာပဲဖြစ်ပါတယ်။ သစ်ရွှက်လေးတွေကို ဖက်ရှင်အဖြစ်ပြောင်းလဲ ဝတ်ဆင်လိုက်ကြတဲ့ ချစ်စရာလူရိုင်းလေး တွေပဲဖြစ်ပါတယ်။ယခုမြင်တွေ့ရတဲ့ ပုံရိပ်လေးတွေ ကတော့ တောပေါက်မြို့ပေါက်ဆို တဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေး တွေပဲဖြစ်ပါတယ်။

တောပေါက်မြို့ပေါက်ရုပ်ရှင်ကားကြီးကိုတော့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး) တာဝန်ယူရိုက် ကူးနေ တာဖြစ်ပြီး ဇာတ်ကားလေးရဲ့ထူးခြားတဲ့ ဖန်တီးမှုတွေကြောင့် ချစ်ပရိသတ်တွေ အရမ်းကိုစိတ် ဝင်စားနေ ကြတာပဲဖြစ်ပါတယ်။ဒီနေ့မှာလည်း ဒီဇာတ်ရုပ်ရှင်ကားကြီးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်အသစ်လေးတွေ ထပ်မံထွက်ပေါ်လာ တာပဲဖြစ်ပါတယ်။လူရိုင်းလေးတွေထဲ ကတစ်ယောက် ဖြစ်တဲ့ လူရိုင်းမလေး တီတီဂွမ်းပုံရဲ့ လူမှုကွန်ယက်ကနေ ချစ်ပရိသတ်တွေအတွက် မျှဝေပေးထားတာပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော်တွေရဲ့ ထူးခြားတဲ့ သစ်ရွှက်ဖက်ရှင်နဲ့ လူရိုင်းဝတ်စုံလေးတွေကတော့ လူတောင်မှားရလောက်အောင် ချစ်ဖို့ကောင်းနေကြတာ ပဲဖြစ်ပါတယ်။မင်းသားချောမြင့်မြတ် ညီထွဋ်ခေါင်၊မင်းသမီးချော ခိုင်သင်းကြည်၊သွန်းဆက်၊မုဏ်း၊ဂွမ်းပုံလေး၊ခင်လှိုင်၊ကေညီစတဲ့ ဝါရင့် အနုပညာရှင်တွေစုံစုံလင်လင် ပါဝင်ရိုက်ကူးနေကြတာကိုတွေ့ရ တာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် တွေကတော့ရိုက်ကူးရေးလုပ်နေကြပေမယ့် ပရိသတ်တွေအတွက် ထူးခြားတဲ့အနုပညာရသကို ပေးစွမ်းနိုင်ဖို့ကြိုးစားနေကြတာကြောင့် မပင်မပန်းပဲ အရမ်းကိုပျော်ရွှင်နေကြပုံပါပဲ။ပရိသတ်တွေကလည်း ဒီဇာတ်ကားကြီးကိုမကြည့်ရှု့ရသေးပဲနဲ့ သူတို့ရဲ့ပုံရိပ်လေးတွေမြင်တွေ့ရတာနဲ့ တင်ရယ်မောပျော်ရွှင်နေရ မယ်လို့ယုံကြည်ပါတယ်။

သတင်းအရင်းအမြစ် - ဂွမ်းပုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။