အနုပညာလောကရဲ့ပရိသတ်တွေ စိတ်ဝင်စား အားပေးကြတဲ့ အနုပညာစုံတွဲတွေထဲမှာ အောင်လေး နဲ့ ဟန်လေး တို့ ချစ်သူစုံတွဲလည်း ပါဝင်ပါတယ်။ နှစ်ဦးစလုံးဟာ ဝါသနာတူ အနုပညာရှင်တွေဖြစ်ကြပြီး ကိုယ်ပိုင်ပရိသတ်ကိုယ်စီနဲ့ အနုပညာလောကမှာ နေရာ တစ်နေရာရထားကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့ ချစ်သူစုံတွဲဟာ ပရိသတ်တွေ အားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပေမဲ့ လက်ရှိမှာတော့ နှစ်ယောက်သား ရန်ဖြစ်စကားများထားတယ်လို့ သိရပါတယ်။

အနုပညာသမားတွေ တက်ရောက်လေ့ရှိကြတဲ့ ပွဲအတော်တော်များကို စုံတွဲတက်ရောက်လေ့ရှိတဲ့ သူတို့နှစ်ဦးကတော့ လတ်တလောမှာ ရန်ဖြစ်ထားတယ်လို့ မော်ဒယ်လ်အောင်လေးရဲ့ လူမှုစာမျက်နှာကတဆင့် သိခဲ့ရတာဖြစ်ပါတယ်။ ဘာအကြောင်းအရာကြောင့် ဖြစ်တယ်ဆိုတာကို မသိရပေမဲ့ ဘာမှမသက်ဆိုင်တော့ကြောင်းကို နှစ်ဖက်လုံးကို ကြေညာထားရပြီး ဟန်လေးကလည်း သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလိုရေးသားပြီး ပြောဆိုထားတာတွေ့ရပါတယ်။ 

"လူဆိုတာ ကိုယ့်မျက်ချေး ကိုမမြင်ကျတဲ့သူတွေပါပဲ

နှစ်ဦးနှစ်ဖက်လုံးမှာ အားနည်းချက် တွေရှိကျတာပဲလေ ဒါပေမဲ့ ငါ့ဖက်က အဲဒီအားနည်းချက်တွေ ဖော်ထုတ်ပီးမဖြေရှင်းတော့ဘူး လေ ဘာလို့လဲဆိုတော့ သံသရာမရှည်ချင်တော့ဘူး ကိုယ့်လိပ်ပြာကိုလုံတယ် ဒီဘဝတော့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ချင်တော့လို့ပါ" ဆိုပြီး သူမက နောက်ဆုံးစကားဆိုထားပါတယ် ပရိသတ်ကြီးရေ.....

Source: Nan Shwe Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။