မင်းသမီးချောပိုင်ဖြိုးသုနဲ့ သူမရဲ့ ချစ်သူဒါရိုက်တာဏကြီးကတော့ ပရိသတ်တွေ အားကျနေရတဲ့ အနုပညာရှင်စုံတွဲလေး တစ်တွဲပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ ချစ်သူဒါရိုက်တာဏကြီးကတော့ လက်ရှိမှာ သူရဲ့ချစ်သူကောင်မလေးအပေါ် စိုးရိမ်စိတ်လေးတွေရှိနေတယ် လို့သိရပါတယ်။ပိုင်ဖြိုးသူဟာ မကြာခင်က ရိုက်ကူးခဲ့တဲ့ "မီ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေး ရိုက်ကူးရင်း ဆေးလိပ်သောက် တက်သွားတာကြောင့် ဆေးလိပ်ဆက်သောက်ဖြစ်နေမှာ စိတ်ပူနေပါတယ်လို့ သူမရဲ့ချစ်သူ ဏကြီးက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ 

ပိုင်ဖြိုးသုဟာ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ရုပ်နဲ့လိုက်ဖက်တဲ့ စရိုက်ကို သရုပ်ဆောင်နိုင်ပြီး ဇာတ်ရုပ်ကိုပိုပီပြင်အောင် ဆေးလိပ်သောက်လေ့ကျင်ခဲ့ ရတာပဲဖြစ်ပါတယ်။သူမအနေနဲ့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တကယ်ကို ဆေးလိပ်သောက်တက်သွားတာကြောင့် သူမရဲ့ ချစ်သူဏကြီးအနေနဲ့ အရမ်းကိုစိတ်ပူနေ တာပဲဖြစ်ပါတယ်။ရုပ်ရှင်ကားကြီးရိုက်ကူးပြီးသွား တာတောင်သူမအနေနဲ့ ဆေးလိပ်ဆက်သောက်ဖြစ်သွားမယ်ဆိုရင် သူမရဲ့ကျန်းမာရေးအတွက်ပါ ထိခိုက်နိုင်တာတွေရှိလာကြောင့် အရမ်းကိုစိုးရိမ်စိတ်ပူစရာဖြစ်နေတဲ့ အကြောင်းအင်တာဗျူးမှာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

"မီ"'ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့ လွန်ခဲ့၁၉၄၈ခုနှစ်ကကာလတွေစီ ပြန်လည်ရောက်ရှိ သွားသလို ခံစားရစေမယ့်ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာ မင်းသားချောနေတိုး၊မင်းဦး၊သားညီ၊အောင်ရဲထိုက်၊မင်းသမီးချောပိုင်ဖြိုးသု စတဲ့ဝါရင်သရုပ်ဆောင်တွေ ပါဝင်ရိုက်ကူး ထားတာကြောင့် ဇာတ်ကားပြီးဆုံးတဲ့ အထိ ဇာတ်ရှိန်မြင့်မြင့်နဲ့ ပရိသတ်တွေစွဲဆောင်သွားနိုင်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ယခုနှစ်၂၀၁၈ခုနှစ်အတွင်းမှာ ရုံတင်ပြသ သွားနိုင်အောင်ကြိုး စားနေပါ တယ်လို့ပိုင်ဖြိုးသုရဲ့ ချစ်သူဖြစ်သလို ဒီဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့တဲ့ ဒါရိုက်တာ ဏကြီးကပြောပါတယ်။

သတင်းအရင်းအမြစ် - ဒါရိုက်တာဏကြီး(The Rader)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။