ဟန်လေးနဲ့ အောင်လေးတို့စုံတွဲဟာ ပရိတ်သတ်တွေကြား official တွဲခဲ့ကြတဲ့ အနုပညာစုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်ပါတယ်။ သူတို့ရဲ့အချစ်ရေးဟာ ၂နှစ်ကျော်ကြာမြင့်ပြီး မကြာသေးမှီအချိန်ကဘဲ ၂နှစ်နဲ့ ၅ လပြည့် Anniversary နေ့လေးမှာ တက်တူးဆင်တူလေးနဲ့ပုံလေးကို တင်ခဲ့ကြပါရေ။ ဒါပေမယ့် ဒီနေ့မှာတော့ သူတို့ချစ်သူနှစ်ဦးဟာ မပြေလည်မှုတွေကြောင့် လမ်းခွဲပြတ်စဲခဲ့ကြပြီလို့သိရှိရပါတယ်။

ဟန်လေးကတော့ ၂၀၁၇မှာတော့ အခက်အခဲတွေ ပျော်ရွှင်မှုတွေကို ဝေမျှခံစားခဲ့ကြပေမယ့် ၂၀၁၇ နောက်ဆုံး ဟက်ပီးနယူးယီးယားမေ့မှာတော့ စိတ်ညစ်စရာအကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ပြောကြားထားပါတယ်။ ၂၀၁၇ ရဲ့အပူတွေကို ၂၀၁၈ ကိုသယ်မယူဘဲ ၂၀၁၇ မှာဘဲအကုန်ထားပစ်ခဲ့လိုက်ပြီလို့လည်းပြောကြားထားပါတယ်။

ဟန်လေးတစ်ယောက်ကတော့ ၂၀၁၈ ရဲ့ ဆင်ဂယ်စာရင်းဝင်တစ်ဦးလည်းဖြစ်ပြီး အရင်ထက်အဆတစ်ရာ ကြိုးကြိုးစားစားနဲ့ အရင်ကထက်ပိုကိုယ့်ကိုယ်ကိုချစ်တတ်အောင်ဘဲ နေတော့မယ်လို့ဆိုလာပါတယ်။ ချစ်စရာကောင်းတဲ့ ဟန်လေးရယ် အချစ်နဲ့ စစ်မှာမတရားတာမရှိသလို ဖူးစာဆိုတာ နဖူးမှာပါလားပြီးသားဆိုတဲ့ ရှေးအယူလည်း မပယ်လိုက်ပါနဲ့နော်။ "မင်းလောင်းမှန်ရင်တော့ ရထားကဆိုက်လာမှာပါတဲ့"။ ချစ်တဲ့ပရိတ်သတ်ကြီးတို့လည်း ဟန်လေးအတွက် ဖိုက်တင်းလို့ပြောခဲ့ပေးကြပါအုံးနော်။

Source- Myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။