ရုပ်ရှင်လောကမှာ ဇာတ်ပို့တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အောင်ဇော်မင်းဟာ သူရဲ့မိသားစုအကြောင်းကို ပြောပြလာပါတယ်။အနုပညာလောကမှာ နှစ်ပေါင်းများစွာပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။သူကတော့ မေးမြန်းမှုကိုအခုလိုပဲပြောပြခဲ့ပါတယ်

“အခုလက်ရှိမိသားစုကတော့ အကိုကသားတစ်ယောက်သမီးတစ်ယောက်ရှှိတယ် အကိုသားကအခုလာမယ့် ၂၀၁၈၊၆ လပိုင်း ၁၃ ရက်နေ့ဆိုရင် အသက် ၂၀ ဖြစ်မှာ။ဒါပေမဲ့အကိုသားက ပိုလီယို.. ကျန်းမာရေးမကောင်းဘူး စကားလည်းမပြောနိုင်ဘူး ငုတ်တုတ်လည်းမထိုင်နိုင်ဘူး ပက်လက်ကြီးပဲ..ပေါ့နော်.. သမီးလေးကျတော့ အခုငါးတန်းတတ်နေပြီ သမီးလေးကလေ ဆိုတော့ အမျိုးသမီးရယ် အကိုရယ် သားရယ်သမီးရယ်လေးယောက်မိသားစုရှိတယ်..

သမီးကလေသရုပ်ဆောင်ဝါသနာမပါဘူး သူကခုန်မယ်ကမယ် အဲလို့သီချင်းဘက်ကို ၀ါသနာပါတယ် အခုမှာငါးတန်းရှိသေးတာကို အကိုသူ့ကိုပညာတတ်ဖြစ်အောင် အကိုသင်ပေးမယ်.. အကိုသူ့ကိုပြောတယ် သမီးလို့ပညာတတ်ဖြစ်အောင်လုပ် သမီးပညာတတ်ကြီးဖြစ်သွားရင် ဘယ်အလုပ်မဆိုသမီးကို လက်ခံခေါ်မှာပဲသွား..ပညာနဲကပိုက်ဆံရှာ သမီးပိုက်ဆံချမ်းသာသွားရင် အနုပညာသမားကို သမီးအိမ်ထဲကို ခေါ်ပြီးတော့ ဖျော်ဖြေခိုင်းလို့ရတယ်လို့ ကိုယ်ကိုတိုင်လည်းအဲ့ထဲမှာပါနေတာကို ပေါ့နော်..အဲတော့အကိုကသမီးကျတော့ ကိုယ့်လိုမဖြစ်စေချင်ဘူး ကျသမီးကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ် ဘာလိုလဲဆိုတော့ ကိုယ်မဖြစ်ခဲ့တာကို သူ့ကိုဖြစ်စေချင်တယ်.”

Source - myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။