အနုပညာလောကမှာ မင်းသမီးချောအိန္ဒြာကျော်ဇင်ကတော့ ယနေ့တိုင် ပရိသတ်အားပေး မှုတွေနဲ့ ရှန်းရှန်းတောက်အောင်မြင်နေဆဲ ပဲဖြစ်ပါတယ်။သာယာတဲ့အိမ်ထောင်လေး ကိုပိုင်ဆိုင်ထားပြီး သားသားမီးမီးလေးတွေနဲ့ ဘဝကိုပျော်ရွှင် စွာဖြတ်သန်းနေ တာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ကြားဖူးနေကြတဲ့စကားပုံလေးအတိုင်း တစ်သားမွေး တစ်သွေးလှဆိုသလို ယနေ့တိုင်သူမရဲ့နုပျို လှပမှုတွေဟာ လက်ဖျားခါလောက်အောင်နုပျိုလှပ လွန်းနေတာပဲဖြစ်ပါတယ်။  

ဒီနေ့မှာလည်းသူမရဲ့အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့ကြီးလေးကြီးရုပ်ရှင်ကားကြီး Press Show ပွဲလေးကိုတက်ရောက်လာခဲ့ တာပဲဖြစ်ပါတယ်။ဒီပွဲလေးမှာတော့ သူမရဲ့အလန်းစား ဖက်ရှင်တွေနဲ့ နုပျို လှပမှုတွေကို ပရိသတ်တွေ ထပ်မံမြင်တွေ့လိုက်ရတာကြောင့် နတ်သတ်ကြွေတဲ့ နတ်သမီး တစ်ပါးကိုမြင်တွေရတဲ့ အတိုင်းမြင်သူတိုင်းငေးခဲ့ ရတာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အားလုံးသူမ ရဲ့နုပျိုလှပမှုတွေ အပေါ်ချီးကျုးမဆုံးဖြစ်နေကြကာ အချစ်တွေပိုနေရတာပဲဖြစ်ပါတယ်။ 

သူမရဲ့လူမှုကွန်ယက်ဖေ့ဘွတ် Pageမှာလည်း" မနက်က ကြီးလေးကြီး Press Show သွားခဲ့တဲ့ ပုံလေးတွေပါ" ဆိုတဲ့စာလေးနဲ့ အတူသူမရဲ့ ပွဲတက်အမှတ်တရ ပုံရိပ်လေးတွေမျှဝေ ထားတာ ပဲဖြစ်ပါတယ်။ကြီးလေးကြီးရုပ်ရှင်ကားကြီးဟာလည်း ကြော်ငြာဗီဒီယိုလေးတွေ ထွက်ခဲ့စဉ်ကတည်းက ပရိသတ်တွေစိတ်ဝင်စားအားပေးနေကြ ရတာပဲဖြစ်ပါတယ်။မကြာခင်မှာ ရုံလုံးပြည့်ရယ်မော သံတွေနဲ့ကြည့်ရှုခံစားရတော့မယ့်ကြီးလေးကြီး ဟာသရုပ်ရှင်ကားကြီးကို အားပေးဖို့Readyပဲ မလားပရိသတ်ကြီး??။

သတင်းအရင်းအမြစ် - အိန္ဒြကျော်ဇင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။