အသက်အရွယ် ကြီးလာတာနဲ့အမျှ ဇရာရဲ့ လက္ခဏာတွေကို မဖြစ်မနေ ခံစားရလပါတယ်။ ဒါတွေကို ရှောင်လွှဲလို့ မရနိုင်ပေမယ့် ရှိရင်းစွဲ အသက်ထက် ပိုပြီးငယ်ရွယ်တဲ့ ပုံပေါက်စေဖို့ ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ ဒ့ါကြောင့် နုပျိုလှပချင်တဲ့ မိန်းကလေးတွေ အားလုံးအတွက် ဇရာအို လက္ခဏာတွေကို အံတုနိုင်မယ့် လျှို့ဝှက်ချက် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သွားများကို ဖြူဖွေးနေအောင် ဂရုစိုက်ပါ။

ဖြူဖွေးတောက်ပနေတဲ့ သွားလေးတွေကြောင့် သင့်အသက်ကို ပိုပြီး နုပျိုတယ်လို့ ထင်စေနိုင်ပါတယ်။ သွားဖြူစေမယ့် အိမ်တွင်းကုထုံးများကိုလည်း ပြုလုပ်ပြီး သွားလေးတွေကို ဂရုစိုက်နိုင်ပါတယ်။ တစ်ချို့သော နှုတ်ခမ်းနီရောင်တွေက သွားကို ၀ါနေတယ်လို့ ထင်ရစေတာကြောင့် နှုတ်ခမ်းနီကိုလည်း လိုက်ဖက် သင့်တော်တဲ့ အရောင်ကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

(၂) အဝတ်အစားသစ်များ ၀တ်ဆင်ပါ။

အဝတ်အစားသစ်များကို ဦးစားပေး ၀တ်ဆင်ခြင်းက သစ်လွင်နေတဲ့ အလှကို ပေါ်လွင်စေတာကြောင့် အသက်ကို လူတွေက သတိထားမိမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ပွလျောင်းသော အဝတ်အစားများကို ရှောင်ကြဉ်ပြီး တည်ငြိမ် လှပသော အဝတ်အစားများကို ၀တ်ဆင်ပါ။ ကိုယ့်အနေနဲ့ အံဝင်ဂွင်ကျ ဖြစ်ပြီး သက်တောင့်သက်သာ ရှိမယ့် အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ဖို့ မမေ့ပါနဲ့။

(၃) မျက်ခုံးမွှေးကို အလှပြင်ပါ။

မျက်ခုံးမွှေးက မျက်နှာကို အလှပိုပေါ်စေတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တာကြောင့် မျက်ခုံးမွှေးကို ခပ်ရင့်ရင့် အရောင်တွေ မသုံးဘဲ သဘာဝအတိုင်း ခပ်ကုံးကုံးလေး ဆွဲပေးပါ။ ဒါကလည်း သင့်ကို ပိုပြီး ငယ်ရွယ်နုပျိုစေတဲ့ အချက်တစ်ခုပါပဲ။

(၄) ရေများများ သောက်ပါ။

လူတစ်ယောက်က တစ်နေ့ကို ရေဖန်ခွက် ၈ ခွက် မဖြစ်မနေ သောက်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်လုံလောက်တဲ့ သူတစ်ယောက်က မျက်နှာနှင့် အသားအရေ အရေးကြောင်းတွေကို ၂၄% လျှော့ချနိုင်တာမို့ ရေကို များများသောက်ပေးဖို့ လိုအပ်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်လက်လှုပ်ရှားလေ့ကျင်းခန်းကိုလည်း မဖြစ်မနေ လုပ်သင့်ပါတယ်။ အသက်အရွယ်နဲ့ မမျှတဲ့ ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ထို့အပြင် မျက်နှာပြင် လေ့ကျင့်ခန်းများ၊ ဆွဲဆန့်လေ့ကျင့်ခန်းမျာကိုလည်း လုပ်ပေးသင့်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းက အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို သိသိသာသာ လျှော့ချ/ ဟန့်တားပေးမှာပဲ ဖြစ်ပါတယ်။

အားလုံးပဲ လှသထက် လှနိုင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ကြပါစေ ရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။