မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျင်္ားလေးပဲဖြစ်ဖြစ် ဗိုက်မှာ အဆီတွေ စုနေလို့ ဗိုက်ပူတဲ့အခါ အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အဝတ်အစားကိုလည်း ရွေးချယ် ၀တ်ဆင်နေရပြီး ကိုယ့်ရဲ့ အလှကိုလည်း ယုံကြည်မှု လျော့နည်းစေပါတယ်။ ဒါ့ကြောင့် ၀မ်းဗိုက် တစ်ဝိုက်က အဆီပိုတွေကို ဖယ်ရှားနိုင်ပြီး ဗိုက်လေး ချပ်ရပ် ကြည့်ကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်မှု ပုံစံ၊ စားသောက်နည်း အလေ့အကျင့်တွေကို သတိထား လိုက်နာသင့်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲက အဆိပ်အတောက်တွေ သန့်စင် ရှင်းလင်းသွားစေမယ့် ၂ မိနစ် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနည်းကို အသုံးပြုမယ် ဆိုရင်တော့ မဖြစ်မနေ သိထားသင့်တဲ့ သတိပြုရမဲ့ အချက်များလည်း ရှိပါတယ်။

- အစားများများ စားပြီးချိန်မှာ မလုပ်ပါနဲ့

- ဆီးကျောက်နှင့် သည်းခြေကျောက် ရှိသူများ မလုပ်ပါနဲ့

- သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင်သည်၊ အူကျရောဂါ၊ အစာအိမ် အနာရောဂါ၊ အူအနာ၊ သားအိမ်၊ ဆီးအိမ်၊ သားဥအိမ်နှင့် သားဥပြွန် ရောင်ရမ်းနေလျှင် မလုပ်ပါနဲ့.

တကယ်လို့ သင်က နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်များကို မကြာခဏ စားသုံးတတ်ပြီး အထိုင််များတယ် ဆိုရင်တော့ ဒီနည်းလမ်းက အရမ်း ထိရောက်မှာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းကို ပုံမှန် လုပ်နေသူ ဆိုရင်တော့ ဒီနည်းက ပိုပြီး ထိရောက်နိုင်ပါလိမ့်မယ်။ 

ဒီနည်းလမ်းကို မနက်စာ မစားခင်နှင့် အိပ်ရာမဝင်ခင် တစ်နေ့ နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

(၁) ပက်လက်လှန် လှဲလျောင်းပါ။

(၂) လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာတဲ့အထိ အချင်းချင်း ပွတ်သပ်ပေးပါ။

(၃) ချက်နေရာဘေးမှာ လက်တစ်ဖက်စီကို ဖြန့်တင်ပါ။

(၄) ၀မ်းဗိုက်ကို နာရီလက်တံအတိုင်း စက်ဝိုင်းငယ် ပုံပေါ်အောင် ညင်ညင်သာသာ ပွတ်သပ်ပေးပါ။ တဖြည်းဖြည်း ပိုကြီးမားတဲ့ စက်ဝိုင်းပုံဖြစ်အောင် ပွတ်ပေးပါ။

(၅) ၀မ်းဗိုက်နေရာပေါ်မှာ စတင်ဖြစ်ပေါ်လာတဲ့ အပူကို အာရုံစိုက်ပါ။

(၆) နှစ်မိနစ်အတွင်းမှာ ဆက်တိုက်လုပ်ပေးရင် အကြိမ်ရေ ၄၀ နဲ့ ၅၀ ကြား ရနိုင်ပါတယ်။ ၀မ်းဗိုက်က ပူလာဖို့ လိုအပ်ပါတယ်။

ဒီနည်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစေပြီး ၀မ်းဗိုက်ချပ် ဖို့အတွက် ၀မ်းဗိုက်ရဲ့ သွေးလည်ပတ်မှုကို တိုးစေပါတယ်။ ဒီလေ့ကျင့်ခန်း လုပ်ပြီးရင် ချက်ချင်းမထပါနဲ့။

ဖော်ပြပါ နည်းလမ်းများအတိုင်း လုပ်ဆောင်ပြီး ချပ်ရပ် လှပသော ခန္ဓာကိုယ် အချိုးအစားလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - HealthyLife

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။