မြန်မာတို့အနေနဲ့ ငပိရည်တို့စရာတွေထဲ ခွေးတောက်ရွက်ကမပါမဖြစ်ပါနော်။ ခွေးတောက်ရွက်ကို မကြိုက် တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ခွေးတောက်ရွက်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာသိတဲ့သူရှား ပါတယ်နော်။ ခုဖော်ပြပေးမဲ့ ခွေးတောက်ရွက်ဟာ စားသုံးနေသူတွေကို ဘယ်လောက်ထိကျန်းမာရေး ကောင်းကျိုးပေးနိုင်လဲဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ်။ မစားတဲ့သူတွေကိုလည်း စားပေးဖို့တိုက်တွန်းချင်ပါ တယ်နော်။ ခွေးတောက်ရွက်က အနာစိမ်း၊ သွေးစုနာ၊ ပြည်တွေပြည့်နေတဲ့ အနာတွေကို ခွေးတောက်ရွက် ကိုမီးကင်ပြီး အနာပေါ်ကပ်ပေးပါက ပြည်ပေါက်ပြီး သက်သာပျေက်ကင်းစေပါတယ်။

အဆိပ်အတောက်ပြေစေဖို့ ခွေးတောက်ရွက်ကို ကြက်သားနှင့် တစ်နှစ်တစ်ခါချက်စားပေးပါက အရက်နာ ကျတဲ့သူတွေ ၊ အရက်ဖြတ်ရန်ခက်ခဲနေတဲ့သူတွေ အတွက် အထောက်အကူဖြစ်စေပါတယ်။လေထိုး၊လေ အောင့်၊ ဆီးချုပ်၊ဝမ်းချုပ်ဖြစ်နေသူတွေအတွက် ခွေးတောက်ရွက်ကို ဟင်းခါလုပ်သောက်ခြင်းဖြင့်ပျေက် ကင်းနိုင်ပါတယ်။ ရေယုန်နာအတွက် ခွေးတောက်ရွက်ကို ကြိတ်ပြီးအနာပေါ်အုံပေးပါက ပျေက်ကင်း နိုင်ပါတယ် ။အဖုအကြိတ်ထွက်နေတဲ့သူတွေအတွက်အရွက် ကိုကြိတ်အုံပေးပါ ပျောက်ကင်းနိုင်ပါတယ်။အ ကြောအဆစ်လွဲခြင်းအတွက် အရွက်ကိုသကြားဖြင့်ရောထောင်းကာအုံပေးပါ ပျေက်ကင်းပါတယ်နော်။ ခွန်အားဗလတိုးစေဖို့အတွက် ခွေးထောက်ရွက်ကို ဘဲဥဖြင့်ကျော်စားပေးပါ။ ခွေးရူးပြန်ခြင်း၊ သလိပ်ရွှင်ခြင်း အတွက်လည်း ခွေးတောက်ရွက်ကို ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

ခွေးတောက်ရွက်သည် သလိပ်၊ချွဲသလိပ်ကြေစေပါတယ်။ ပန်းနာရင်ကျပ်၊ ဒူလာ၊ ကြွက်အဆိပ်သင့်တဲ့သူ တွေအတွက် ပျောက်ကင်းနိုင်ပါတယ်။ပြီးတော့ အမျိုးသားတွေအတွက် အားကိုတိုးပွားစေပါတယ်။ အမျိုးသမီးတွေအတွက် သွေးသာမှန်ကန်ပြီး စိတ်ကိုရွင်လန်းစေပါတယ်။ ကာမအားတိုး ဖော်စပ်ရာတွင် လည်း ခွေးတောက်ရွက် ကိုထည့်သွင်းဖော်စပ်လည်းရှိပါတယ်။ ခွေးတောက်ရွက် ပူပြီးခါးသက်သက် အရသာရှိတာကြောင့် ဝမ်းမီးတောက်ဖို့အထောက်အကူဖြစ်စေပါတယ်။ အာလုံးပဲကျန်းမာရွင်လန်းကြပါစေ လို့ဆုတောင်ရင်း ဒီစာလေးကို အဆုံးသတ်လိုက်ရပါတယ်နော်။  

source: မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။