ဒီဇင်ဘာ ၃၁ရက်နေ့က အသက် ၄နှစ်အရွယ် Gabby Barrett ဆိုတဲ့ကလေးမလေးဟာ ရေချိုးခန်းထဲက ရေနွေးပူဖွင့်ထားတဲ့ကန်ထဲမှာစိမ်မိပြီး တစ်ကိုယ်လုံးအပူလောင်ပြီးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ကလေးသေဆုံးမှုဖြစ်ပြီးတဲ့နောက်မှာ ၂၄နှစ်အရွယ်ကလေးအမေဖြစ်သူCandic Diaz ဟာ သူမရဲ ့ရည်းစားဖြစ်တဲ့ Brad Fieldsနဲ့အတူထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ရဲတွေက ဇန်နဝါရီ ၉ရက်နေ့က သူတို့အိမ်နဲ့ ရ၉၂မိုင်ဝေးတဲ့နေရာမှာဖမ်းမိခဲ့ပြီးစစ်ဆေးမေးမြန်းခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးမေးမြန်းတဲ့အခါ ကလေးအမေဖြစ်သူက “Gabby ဟာ သူ့ဘာသာရေနွေးကန်ထဲမှာနစ်သွားခဲ့တာပါ။ အဲ့ဒီနေ့ကသူမဟာ ရေချိုးကန်အသစ်ကိုလိုချင်နေခဲ့ပါတယ်။အဲ့ဒါကြောင့် Diaz က သူမကိုတစ်ယောက်တည်းထားခဲ့ပြီး ပန်ကိတ်လုပ်ဖို့မီးဖိုခန်းထဲကိုသွားခဲ့ပါတယ်။ သူမရေချိုးခန်းထဲပြန်လာတဲ့အခါမှာတော့Gabby ဟာ ရေနွေးပူကန်ထဲမှာနစ်နေခဲ့ပါပြီ။အဲ့ဒါကြောင့် သူမဟာ ချက်ချင်းရည်းစားဖြစ်သူကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်”လို့ပြောခဲ့ပါတယ်။

ရဲတွေကလည်းရောက်လာခဲ့ပြီးနောက် ကလေးကိုစစ်ကြည့်တဲ့အခါမှာကလေးရဲ ့တစ်ကိုယ်လုံးဟာ အပူလောင်နေပြီးခြေချောင်းတစ်ချောင်းဟာလည်းအပူလောင်လို့ပြတ်ကျသွားခဲ့တယ်လို့သိရပါတယ်။ ချက်ချင်းပဲဆေးရုံပို့ခဲ့ပေမဲ့ဒဏ်ရာပြင်းထန်တာကြောင့်သေဆုံးသွားခဲ့ပါတယ်။

ဆရာဝန်ကတောင်သူ့ရဲ ့ဆရာဝန်သက်တမ်းအနှစ် ၃၀မှာ ဒီလိုဆိုးဝါးတဲ့ကလေးသေဆုံးမှုမျိုးမတွေ့ခဲ့ဖူးဘူးလို့ပြောခဲ့ပါတယ်။

သူတို့အိမ်ထဲမှာလည်း သေနတ်တွေ၊မူးယစ်ဆေးတွေတွေ့ရှိခဲ့ပြီး ကလေးရဲ့အမေနဲ့သူ့ရည်းစားကို ဆေးစစ်ကြည့်တဲ့အခါမှာ နှစ်ယောက်လုံးဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေခံစားနေရတာ ကိုတွေ့ရှိခဲ့ပါတယ်။တရားရုံးကတော့ ကလေးရဲ ့အမေနဲ့သူမရဲ ့ရည်းစားဖြစ်သူကို လူသတ်မှု၊ကလေးကိုသေချာဂရုမစိုက်မှု၊နှိပ်စက်မှုနဲ့တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။

source - phothu taw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။