အက်သလက်တီကိုအသင်းဟာ တိုရီနို အသင်းရဲ့ တိုက်စစ်မှုး ဘီလော့တီကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။အက်သလက်တီကို အသင်းရဲ့ တိုက်စစ်မှုး ဂရဇ်စမန်း အသင်းက ထွက်ခွာခဲ့ရင် အစားထိုးဖို့ ကစားသမားရှာဖွေနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် တိုရီနိုအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူး ဘီလော့တီကို ခေါ်ယူဖို့ စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။ဂရဇ်စမန်းဟာ အက်သလက်တီကို အသင်းကနေထွက်ခွာဖို့များနေတာလည်းဖြစ်ပါတယ်။

ဂရဇ်စမန်းကို ခေါ်ယူဖို့ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်း အပြိုင်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် လက်လျှော့သွားဖွယ်ရှိနေပေမဲ့ မန်ယူအသင်းကတော့ ခေါ်ယူသွားနိုင်ဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဂရဇ်စမန်း ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ ရှိနေတာဖြစ်ပြီး နည်းပြ ဆီမြွန်နီက လည်း ထွက်ခွာခွင့်ပြုထားတာဖြစ်ပါတယ်။တိုရီနို အသင်းရဲ့ တိုက်စစ်မှုး ဘီလော့တီကို အက်သလက်တီကို အသင်း တသင်းတည်းက စောင့်ကြည့်နေတာမဟုတ်ပါဘူး။ကလပ်အသင်းအများစု ကစောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ အက်သလက်တီကို အသင်းအတွက် တိုက်စစ်မှုး ဒီယေဂိုကော်စတာ ပြန်လည်ပါဝင်ကစားပေးနေခဲ့ပြီလည်းဖြစ်ပါတယ်။အသင်းနဲ့ အတူ ခြေစွမ်းပြဂိုးသွင်းယူနေတဲ့ ဒီယေဂိုကော်စတာကို ဆီမြွန်နီ က အားရကျေနပ်နေတာလည်းဖြစ်ပါတယ်။လက်ရှိအက်သလက်တီကို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ တောရက်စ်၊ ဒီယေကိုကော်စတာ၊ ဂါမဲရိုး တို့ရှိနေတာလည်းဖြစ်ပါတယ်။

Source: Latest in Football Transfer News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။