မြန်မာ့လက်ရွေးစင်အသင်းကိုမာဒေကားဖလားပြိုင်ပွဲမှာ

တစ်ကျော့ပြန်အောင်မြင်မှုရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့

မြန်မာ့လက်ရွေးစင်နည်းပြဟောင်းဦးဆန်းဝင်းဟာဒီနေ့ညနေ

လေးနာရီမှာသူချစ်တဲ့ဘောလုံးလောကကိုထာဝရစွန့်ခွာသွားခဲ့ပါပြီ။ဦးဆန်းဝင်းဟာအသက်ငါးဆယ်အရွယ်မှာသူချစ်တဲ့

မြန်မာ့ဘောလုံးလောကကြီးကိုထာဝရစွန့်ခွာသွားခဲ့ပါပြီ။

ဦးဆန်းဝင်းဟာသူကွယ်လွန်တဲ့အချိန်အထိသူချစ်တဲ့မြန်မာ့

ဘောလုံးလောကကိုဖက်တွယ်ထားခဲ့ပါတယ်။သူနောက်ဆုံးတာဝန်ယူခဲ့တဲ့ကလပ်အသင်းကတော့

ရှမ်းယူနိုက်တက်ပါ။

ရှမ်းယူနိုက်တက်မှာနောက်ဆုံးသူတာဝန်ယူခဲ့တာက

နည်းစနစ်ဒါရိုက်တာရာထူးပါ။ရှမ်းယူနိုက်တက်မှာ

လက်ရဗိတာဝန်ယူနေတဲ့နည်းပြချုပ်စိုးမြတ်မင်းဟာ

သူ့ရဲ့တပည့်အရင်းပါ။လက်ရှိဘောလုံးလောကရဲ့အကြီး

တန်းရောက်နေကြတဲ့ကစားသမားတွေဟာလည်း

ဦးဆန်းဝင်းရဲ့အရိပ်မကင်းကြသူတွေကြီးပါ။သူသေဆုံး

မှုဟာမြန်မာ့ဘောလုံးလောကတစ်ခုလုံးကိုShock

ဖြစ်သွားစေခဲ့ပါတယ်။

ုမြန်မာတို့ရဲ့ငွေခေတ်လက်ရွေးစင်နောက်ခံလူဟောင်းကြီး

သူအချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့နည်းပြကြီးဦးုကြည်လွင်ကို

လည်းထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။သူတို့နှစ်ယောက်ဟာ

အောင်မြင်မှုမှေးမှိန်နေတဲ့မြန်မာအသင်းကိုနှစ်ယောက်အတူ

လက်တွဲညီညီနဲ့မာဒေကားဖလားမှာအောင်မြင်မှုရရှိ

စေခဲ့သူတွေပါ။အခုတော့ဦးဆန်းဝင်းဟာဦးကြည်လွင်ကိုရော

မြန်မာဘောလုံးကိုပါစွန့်ခွာသွားတဲ့ညနေကြယ်တစ်စင်း

ုဖြစ်ခဲ့ရပါပြီ။သေမင်းဆိုတာအကောင်းကြိုက်လွန်းလှပေစွ။

Source -Shan UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။