ကဲ ပရိတ်သတ်ကြီးရေ ပရိတ်သတ်ချစ် မော်ဒယ်မလေး ဧငြိမ်းဖြူ ကတော့ မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ထားရရင် ယုံကြည်မှုတွေ ပိုရှိလာစေပါတယ်တဲ့။ ပရိတ်သတ်တွေထဲမှာရော ခေတ်ပေါ်အဝတ်အစားတွေက ဘယ်လောက်ပဲဆန်းသစ်နေပါစေ မြန်မာဝတ်စုံလေးဝတ်လိုက်ရမှ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာတတ်တဲ့ မိန်းမပျိုလေးတွေရှိလိမ့်မယ်လို့လဲထင်ပါတယ်။

ခေတ်ဆန်တဲ့ အဝတ်အစားတွေနဲ့ ဘယ်လိုပဲလှပနေပာစေ မြန်မာနိုင်ငံက မိန်းမပျိုလေးတွေကတော့ မြန်မာဝတ်စုံလေးတွေဝတ်ဆင်လိုက်တာနဲ့ သဘာဝကျကျလေးနဲ့ ရိုးရိူးရှင်းရှင်းလေး လှပနေတဲ့အလှက လူတိုင်းငေးမောလောက်ပါတယ်။

မြန်မာဝတ်စုံလေးတွေကို မြန်မာမိန်းကလေးတွေသာမကပဲ နိုင်ငံခြားသူလေးတွေပါလိုက်လံဝတ်ဆင်နေကြတဲ့ ခေတ်ကာလမှာ ယဉ်ယဉ်လေးနဲ့လှပအောင် မြန်မာဝတ်ဆင်လေးနဲ့ တန်ဆာဆင်ထားတဲ့ ဧငြိမ်းဖြူရဲ့အလှဟာလည်း မြင်တွေ့ရသူတွေအတွက်တော့ ကျက်သရေရှိလှပါတယ်။ ဧငြိမ်းဖြူရဲ့ ပရိတ်သတ်ကြီးရော မြန်မာဝတ်စုံလေးနဲ့ လှပလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ကြိုက်နှစ်သက်ကြရဲ့လား။

မော်ဒယ်မလေး ဧငြိမ်းဖြူကတော့ လတ်တလောမကြာသေးခင်အချိန်လေးကမှ ချစ်သူအဆိုတော် ရဲရင့်အောင်ဆီကနေ ရရှိခဲ့တဲ့ ဘယ်လိုမှမမျှော်လင့်ထားမိတဲ့ suprise လက်ဆောင်လေးတခုကြောင့် ပျော်ရွှင်မှုတွေများစွာရရှိနေသူလေးတစ်ဦးဖြစ်ပါတယ်။ထို suprise လေးကတော့ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့ရဲ့ ချစ်သူသက်တမ်း ၁ နှစ်ပြည့် anniversary မှာ ရဲရင့်အောင်က သူတို့နှစ်ဦးရဲ့ ပုံတူတက်တူးတခုကို လက်ဖျံမှာထိုးပြီး suprise လုပ်ခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ သူတို့ချစ်သူနှစ်ဦးကိုလည်း အမြဲပျော်ရွှင်ရပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးလိုက်ကြရအောင်နော်။

Source - A Nyein Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။