ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်တို့ စုံတွဲလေးကတော့ ပရိသတ်တွေ သဘောတူအားကျရတဲ့ ဆယ်လီစုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့လတွေလောက်က ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ပြီဆိုတံ သတင်းကြောင့် ပရီသတ်တွေ စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်..။

မကြာသေးခင်လပိုင်းလောက်ကတော့ သူတို့နှစ်ယောက် ပြန်ပေါင်းထုတ်နေတယ်ဆိုတဲ့ သတင်းစကားကြောင့်လည်း ပရိသတ်တွေ ကျေနပ်ပျော်ရွှင်ခဲ့ရပါသေးတယ်..။

သူတို့ချစ်သူနှစ်ဦး ပြန်လည် အဆင်ပြေသွားပြီးတဲ့နောက် ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရင်ကထက်တောင် ပိုပြီး ချစ်နေကြတာ တွေ့ရပါတယ်..။

လမ်းခွဲပြီးမှ ပြန်တွဲခဲ့ကြတဲ့ သူတို့သူတို့ချစ်သူနှစ်ဦးရဲ့ ဘယ်လောက်တောင် အချစ်ကြိုးတွေ ခိုင်မြဲနေသလဲဆိုရင်တော့ ဂျက်စတင်ဘီဘာ တစ်ယောက် သူ့ရဲ့ ချစ်သူ ဆယ်လီနာအကြောင်းကို သီချင်းတောင် စပ်ရေးနေပြီလို့ သိရပါတယ်..။

သီချင်းလေးကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်အကြောင်းကို ရေးစပ်နေတာ ဖြစ်တယ်လို့ ရင်းနှီးသူ မိတ်ဆွေတွေက ပြောပြထားတာ တွေ့ရပါတယ်..။

ဂျက်စတင်ဘီဘာ တစ်ယောက်ကတော့ အလုပ်ကြိုးစားတဲ့ သူ့ရဲ့ ချစ်သူလေးကြောင့် ဂုဏ်ယူနေပြီး ဆယ်လီနာကြောင့် စိတ်တွေ တတ်ကြွလန်းဆန်းနေတာလည်း ဖြစ်ပါတယ်..။

ဆယ်လီနာရဲ့ အလုပ်ကြိုးစားမှုတွေ ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြတ်ကျော်ပြီး ယုံကြည်မှုတွေနဲ့အတူ ခိုင်မာစွာလျှောက်လှမ်းနိုင်မှုတွေကို ဂျက်စတင်ဘီဘာက အရမ်းကို သဘောကျနှစ်သက်ခဲ့တာပါ..။

အဲ့ဒါတွေကြောင့်လည်း သူတို့နှစ်ယောက် ပြန်တွဲပြီးနောက် ဆယ်လီနာနဲ့ ပတ်သက်ပြီး သီချင်းရေးဖို့ စိတ်အားထက်သန်ခဲ့တာလည်း ဖြစ်ပါတယ်..။

သီချင်းသစ်အတွက် တရားဝင် အသံသွင်းခြင်း မရှိသေးပေမယ့်လည်း စတူဒီယိုကို အမြန်ဆုံး သွားနိုင်ဖို့ စိတ်ပြင်းပြနေတယ်လို့လည်း နီးစပ်တဲ့ အသိုင်းအဝိုင်းအချို့က ပြောပြလာပါတယ်..။

ပရိသတ်တွေကတော့ ဆယ်လီနာအတွက် ဂျက်စတင်ရဲ့ သီချင်းသစ်လေးကို အမြန်ဆုံး ထွက်ရှိနိုင်ဖို့ မျှော်လင့်နေကြပါတယ်..။

Source - elle

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။