မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူလ်းအသင်းဟာ မန်စီးတီးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်တာလည်းဖြစ်ပါတယ်။အဲ့စံချိန်ကိုတော့ လီဗာပူလ်းအသင်းက ချိုးဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ရှုံးနိမ့်ခဲ့ပေမဲ့ ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေခဲ့ပြီး လီဗာပူလ်းအသင်းကတော့ အဆင့် ၃ နေရာထိ ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖာမီနို၊ ချိန်ဘာလိန်၊ ဆာလက်၊ မာနေး၊ အမ်မရီကန်၊ ဝစ်ဂျနယ်ဒယ် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာနေး၊ အဂူရို၊ စတာလင်း၊ ဂန်ဒိုဂမ်၊ ဖာနန်ဒင်ဟို၊ ဒီဘရိုင်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲဟာ ကြည့်ကောင်းခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ ချိန်ဘာလိန်က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ၉ မိနစ်မှာပဲ လီဗာပူလ်းအသင်းစတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ချိန်ဘာလိန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။မိနစ် ၄၀ မှာတော့ ဆာနေးက မန်စီးတီးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။၅၉ မိနစ်မှာတော့ ဖာမီနို လီဗာပူလ်အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။နောက် ၂ မိနစ်အကြာမှာပဲ မာနေးက လီဗာပူလ်းအသင်းအတွက် တတိယဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။၆၈ မိနစ်မှာတော့ ဆာလက်က လီဗာပူလ်းအသင်းအတွက် ၄ ဂိုးမြောက် ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် ဒုတိယမြောက်ချေပဂိုးကိုတော့ ၈၄ မိနစ်မှာ ဘာနန်ဒိုဆေးဗာလ်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။တတိယမြောက်ချေပဂိုးကိုတော့ (၉၀+၁)မိနစ်မှာ ဂန်ဒိုဂမ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။