နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်တဲ့ နာမည်ကြီး ရေဒီယိုအသံလှိုင်းဖြစ်တဲ့ CityFM နှစ်ပတ်လည်ပွဲကို အခုနှစ်မှာလည်း စည်စည်ကားကားကျင်းပခဲ့ပါတယ်။တစ်နှစ်တာအတွင်း လူကြိုက်များတဲ့ သီချင်းတွေနဲ့ ဖမ်းစားနိုင်တဲ့ တေးသံရှင်များစွာကို ဆုချီးမြှင့်ပေးနေတဲ့ အစီစဉ်လည်းပါ၀င်ပါတယ်။

City FM 16 th နှစ်ပြည့်အခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့ ည ရ နာရီ အချိန်က MCC မင်းဓမ္မမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

(၂၀၁၇ )နှစ် (၁၆ ) နှစ်ပြည့် City FM တေးဂီတ ထူးချွန်ဆုများကို တင်ဇာမော်၊ လွှမ်းပိုင်၊ ရတနာမိုင် နဲ့ G Fatt တို့ရရှိသွားတာဖြစ်ပါတယ်။ 

City FM ရဲ့ တစ်နှစ်တာ အကောင်းဆုံးတေးဂီတ ဆုပေးပွဲမှာ

မြန်မာသံတေးစီးရီးထုတ်လုပ်သူဆု -လှိုင်းတေးသံသွင်း၊

ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီးသီဆိုသူဆု -ဦးအံ့ကြီး ၊

ရောင်းအားအကောင်းဆုံးစတူဒီယိုတေးစီးရီးထုတ်လုပ်သူဆု T Z M Production (တင်ဇာမော်)

ရောင်းအားအကောင်းဆုံးစတူဒီယိုတေးစီးရီးသီဆိုသူဆု-တင်ဇာမော်7Album

ရောင်းအားအကောင်းဆုံးစတူဒီယိုတေးစီးရီးသီဆိုသူအမျိုးသားဆု - လွှမ်းပိုင်၊

အကောင်းဆုံး တေးသီချင်းတောင်းဆို အခံရဆုံးအမျိုးသမီးတေးသံရှင်ဆု - ရတနာမိုင် ၊

အကောင်းဆုံး တေးသီချင်းတောင်းဆိုအခံရဆုံးအမျိုးသားတေးသံရှင်ဆု -G Fatt တို့က အသီးသီး ရရှိခဲ့တာတွေ့ရပါတယ်။

သူတို့တွေဟာ အနုပညာနယ်ပယ်ထဲမှာ သီဆိုဟန်တစ်မျိုးစီနဲ့ အောင်မြင်နေတဲ့ အဆိုတော်တွေဖြစ်ပါတယ်။

၀ါရင့်အဆိုတော်တစ်ဦးဖြစ်ပြီး အသံပါ၀ါကောင်းတဲ့ တင်ဇာမော် ဟာ ဂီတသက်တမ်း ဆယ်စုနှစ်တစ်ခုကျော်ရပ်တည်နေတာဖြစ်ပါတယ်။ နှှုတ်ခမ်းနီမလေးတွေအသဲစွဲ လူငယ်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်သူ လွှမ်းပို်င်ဟာ ဂီတဗေဒ ဆိုတဲ့ သီချင်းခွေလေးနောက်ဆုံးထွက်ရှိပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့တာပါ။

နောက်ထပ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်ဖြစ်တဲ့ အဆိုတော် Gfatt ကလည်း အမိုက်စားရပ်စာသားတွေသီဆိုရင်း လူငယ်အများစုရဲ့ အကြိုက်ဆုံးအဆိုတော်တစ်ဦးပါ။ 

နောက်ထပ်တစ်ဦးကတော့ အလွမ်းသင့်ပန်းချီဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေအားပေးမှုပိုရလာတဲ့ အဆိုတော်ရတနာမိုင်ဖြစ်ပါတယ်။

ကဲ ဘယ်သူ့ပရိသတ်လဲ ပြောခဲ့ပါဦး။  

Source : 5 Plus

Photo- Crown Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။