တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Lee Dong Wook ကတော့ ဆောင်းရာသီ အိုလံပစ်အားကစား သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတယ်လို့ သိရပါတယ်..။

မင်းသား Lee Dong Wook ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားပြီး တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံတွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတာလည်း တွေ့ရပါတယ်..။

အသက်(၃၆)နှစ်အရွယ် မင်းသား Lee Dong Wook ဟာ လူပျိုကြီးအဖြစ် မိန်းကလေးပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ မင်းသားချောတစ်လက်လည်း ဖြစ်ပါတယ်..။

နာမည်ကြီး ထိပ်တန်းအခမ်းအနားပွဲတွေကို မကြာခဏဖိတ်ကြားခြင်းခံရတဲ့ မင်းသား Lee Dong Wook တစ်ယောက် အခုတစ်ခါမှာလည်း (၂၀၁၈)ခုနှစ်အတွက် ပြုံရမ်းဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်အတွက် သံတမန်အဖြစ် ရွေးချယ်ခန့်အပ်ခံလိုက်ရပြန်ပါပြီ..။

Lee Dong Wook ဟာ တောင်ကိုရီးယားနိုင်ငံ ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်မယ့် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတာ ဖြစ်ပါတယ်..။

ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်အတွက် မင်းသား Lee Dong Wook ကို သံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း အိုလံပစ်ကော်မတီအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်..။

ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွက် သံတမန်အဖြစ် တရားဝင်ခန့်အပ်ခြင်း အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၂)ရက်နေ့က ForeignPress Center မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

အခုလို ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်အတွက် သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့အတွက် မင်းသား Lee Dong Wook ရဲ့ တောင်ကိုရီးယားပရိသတ်တွေအပြင် အာရှပရိသတ်တွေကလည်း အားရကျေနပ်နေကြတယ်လို့ ဆိုပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။