သမီးလေးတစ်ယောက် ပိုင်ဆိုင်ရတော့မယ့် မေမေသက်မွန်မြင့်

မြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သလို တာဝန်ကျေတဲ့ အိမ်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက်အဖြစ် ဘဝကို ညီမျှစွာ ဖြတ်သန်းနေသူကတော့ ချစ်သက် လို့ ပရိသတ်တွေချစ်စနိုးခေါ်တဲ့ အကယ်ဒမီ သက်မွန်မြင့်ပဲဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ အနုပညာလောကကို ခေါင်းဆောင်မင်းသမီးနေရာကနေ စတင်ဝင်ရောက်လာသူဖြစ်ပြီး သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေ ချစ်စဖွယ်ကောင်းလွန်းတဲ့ ကိုယ်ပိုင်ဟန်ပုံစံလေးတွေကြောင့် ပရိသတ်တွေ အားပေးလက်ခံမှုကို ရရှိခဲ့ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့ အကျော်အမော်တစ်ယောက်ဖြစ်နေပါပြီ။ ချစ်ရတဲ့ ရင်သွေးရတနာ သားငယ်လေးတစ်ယောက်ရှိနေပြီး ပျော်ရွှင်ဖွယ်မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ အကယ်ဒမီသက်မွန်မြင့်တစ်ယောက် ဒုတိယကိုယ်ဝန်ကလည်း မွေးဖွားဖို့နီးနေပါ

ဒုတိယကိုယ်ဝန်ကတော့ သမီးလေးမွေးမယ်လို့ သိထားရပါတယ်။ အားချစ်လေး ညီမလေးရတော့မှာပေါ့နော်။ သက်မွန်မြင့်ဟာ ဒုတိယကိုယ်ဝန်ကို လာမယ့် ၂၀၁၇ ဇန်နဝါရီလထဲမှာ မွေးဖွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ဗိုက်ကလည်း တဖြည်းဖြည်းလေးလာပြီမို့ ရိုက်ကူးရေးတွေကို နားထားပြီဖြစ်တယ်လို့ သိရပါတယ်။

Source: Thet Mon Myint Fan Page

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။