ဖက်ရှင်ရှိုးပွဲမှာ ယုံကြည်မှုရှိရှိ ရှိုးလျှောက်နေသူလေးကတော့ မီဒီယာတွေစိတ်ဝင်စားနေတဲ့ ဂျိန်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ သားပါပဲ။

အသက်(၆၄)နှစ်အရွယ်အရွယ် 007 ရဲ့ နာမည်ကြီး ဂျိန်းစ်ဘွန်းမင်းသား ရဲ့ သားဖြစ်သူ Paris Brosnan ဟာ သူ့ရဲ့ ပွဲဦးထွက်ဖက်ရှင်ရှိုးကို လျှောက်ခဲ့တာဖြစ်ပါတယ်။

သူဟာ နှုတ်ခမ်းနီမလေးတွေ ကြွေလောက်တဲ့ ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ပဲမို့ သူ့ကိုကြိတ်ကြွေနေမယ့် ပျိုမေတွေလည်း ၀ုိင်းနေမှာ သေချာပါတယ်။ အီတလီနိုင်ငံ မီလန်မြို့ ရဲ့ Dolce နဲ့ Gabbana ရှိုးပွဲမှာ ဇန်နဝါရီလ(၁၄)ရက်နေ့က Catwalk လျှောက်ခဲ့တာဖြစ်ပါတယ်။

အသက်(၁၆)နှစ်အရွယ် တက်သစ်စ ငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပဲရစ် ဟာ Next Models နဲ့ စာချုပ်ချုပ်ဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ ကမ္ဘာကျော် မင်းသားကြီး Pirece Brosnan ဟာ သားသမီး(၅)ယောက်ထွန်းကားထားတာဖြစ်ပါတယ်။

သားငယ်ဖြစ်တဲ့ ပဲရစ် ဟာ မော်ဒယ်လုပ်နေတဲ့ အသက်(၂၀)အရွယ် အစ်ကိုဖြစ်သူ ဒိုင်လမ်ရဲ့ ခြေရာနင်းမယ့် ညီလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကိုဖြစ်သူ ဒိုင်လန်ကတော့ ဂီတသမား တစ်ဦးဖြစ်ပြီး ရုပ်ရှင်ပညာရပ်ကို ကယ်လီဖိုးနီးယားမှာ လေ့လာနေသူဖြစ်တယ်လို့ သိရပါတယ်။

ရှိုးလျှောက်နေတဲ့ ပဲရစ်ဟာ ရုပ်ရည်ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ ကိုယ်နေဟန်အနေထားကြောင့် မိန်းကလေးတွေ ရဲ့ ၀န်းရံခံရမယ့်သူတစ်ဦးပါပဲ။သူကရော အဖေဖြစ်သူရဲ့ ခြေရာနင်းနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 

Source - Daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။