အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာလူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အဂလိပ်ဘာသာစကားကို အဓိကသုံးတဲ့နိုင်ငံတွေထဲမှာလည်းပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အဓိကအသုံးပြုတဲ့ဘာသာစကားကတော့ ဟင်ဒီဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားပဲဖြစ်ပါတယ်။ ဒါ့အပြင် တဟုန်ထိုးတိုးတက်လာနေတဲ့ စီးပွားရေးကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းထဲမှာလည်းပါဝင်နေပါတယ်။ နိုင်ငံရဲ့ စိတ်ဝင်စားရာအကြောင်းအရာတွေ ၊ ရိုးရာယဉ်ကျေးမှုတွေအကြောင်းကို ဗဟုသုတရစေရန်ဖော်ပြပေးလိုက်ပါတယ်နော်။

အိန္ဒိယနိုင်ငံမှာ ရာသီဥတု ၆မျိုးရှိပြီး နွေရာသီ၊နွေဦးရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ၊ ဆောင်းဦးရာသီ ၊ ဆောင်းဦးအကြိုရာသီ ဆိုပြီး ရှိပါတယ်။

နိုင်ငံရဲ့ လူဦးရေအများစုဟာ ဟင်ဒီဘာသာဝင်များဖြစ်တာကြောင့် အိန္ဒိယနိုင်ငံအတွင်း သက်သက်လွတ်စားသူဦးရေ များပြားလှပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံအတွင်းမှာ လာလည်တဲ့နိုင်ငံခြားသားတွေ အိန္ဒိယနိုင်ငံ ပိုက်ဆံဖြစ်တဲ့ ရူပီးကို နိုင်ငံအပြင်သို့ ယူဆောင်ခွင့်မပြုထားပါဘူး။

အိန္ဒိယနိုင်ငံ နိုင်ငံမှာ နွားတွေကို မှတ်ပုံတင်လုပ်ပေးထားပြီး နွားတိုင်းမှာ ကိုယ်ပိုင်မှတ်ပုံတင်ရှိကြပါတယ်။

လက်ထပ်ထမ်းမြားတဲ့ စုံတွဲ တစ်ရာမှာ တစ်တွဲနှုန်းလောက်သာ ကွာရှင်းကြတဲ့အတွက် ကမ္ဘာပေါ်တွင် အိမ်ထောင်ရေးပြိုကွဲမှု အနည်းဆ့းနိုင်ငံလည်း ဖြစ်ပါတယ်။  

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသားများကို နှုတ်ခမ်းမွှေးထားရင် အပိုဆုကြေးငွေ ရရှိကြပါတယ်။ အကြောင်းရင်းကတော့ နှုတ်ခမ်းမွှေးနဲ့ဆို ဂုဏ်သိက္ခာရှိပြီး ယောကျာ်းပီသတဲ့ပုံစံကို ဖြစ်ပေါ်စေနိုင်ဆယ်လို့ မှတ်ယူထားကြပါတယ်။

ကမ္ဘာပေါ်ရှိ ရွှေသား ၁၁ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံရဲ့ မိန်းကလေးတွေက ပိုင်ဆိုင်ထားတဲ့အတွက် အမျိုးသမီးတွေဟာ ပိုပြီးချမ်းသာကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး စတူဒီယိုရှိပြီး ဟိုက်ဒရာဘတ်မြို့မှာ တည်၇ျိကာ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး လည်ပတ်ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ 

Source : WowBox

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။