ပရိတ်သတ်ကြီးရေ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ တနလာၤနေ့လေးနေ့မှာတော့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၈၉) လမ်း ၊ )၂၃) လမ်းနှင့် (၂၄) လမ်းကြားမှာရှိတဲ့ သီရိမန္တလာကားဝင်း အနောက်ဘက်မှာရှိတဲ့ အောင်မြေမန္တလာ အားကစားခန်းမလေးမှာ မြန့်မာ့သိုင်းသင်တန်းကျောင်းကို ပညာဒါနအနေနဲ့ စတင်ဖွင့်လှစ်လိုက်ပေးလိုက်ပြီလို့သိရပါတယ်။ ဖွင့်လှစ်ပေးမယ့် အချိန်လေးကတော့ နံနက် (၇) နာရီကနေ ည (၈)နာရိအထိဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၆ ရက်တာဖွင့်လှစ်ပေးသွားမယ်လို့လဲသိရှိရပါတယ်။

မြန်မာ့သိုင်းပညာရပ်က အမိမြန်မာနိုင်ငံတော်ကို တည်ထောင်ဖို့ ၊ ကာကွယ်ဖို့၊ လွတ်လပ်ရေးရရှိဖို့အတွက် ဦးဆောင်ခဲ့တဲ့ တိုက်ပွဲဝင်တွေ အသုံပြုပြီး အောင်ပွဲဆင်ခဲ့တဲ့ ပညာရပ်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မြန်မာ့သိုင်းပညာရပ်ကို အားကစားနည်းတစ်ရပ်အဖြစ် ဖော်ထုတ်လျက်ရှိပါတယ်။ မြန်မာလူမျိုးတိုင်းနှင့် မြန်မာ့သိုင်းမဝေးစေဖို့ မျိုးဆက်သစ်မြန်မာ့သိုင်းအားကစားသမားတွေ ပေါ်ထွက်လာစေဖို့ အခုလိုပညာဒါနအနေနဲ့ ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပါတယ်လို့ အောင်မြေသာစံမြို့နယ် မြန်မာ့သိုင်းဆပ်ကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်း (သိုင်းပြောင်းပြန် ပင်မ) ကပြောကြားထားတယ်လို့သိရပါတယ်။

မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်တဲ့ သိုင်းပညာရပ်တွေ မတိမ်ကော မပပျောက်စေရေး ၊ မြန်မာ့သိုင်း ပညာရပ်များခေတ်စနစ်နှင့်အညီ တိုးတက်ပြန့့်ပွားလာစေရေး နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ အောင်မြေမန္တလာ မြန့်မာ့သိုင်းသင်တန်းကျောင်းကို ဖွင့်လှစ်ခြင်ဖြစ်ပါတယ်လို့လဲသိရှိရပါတယ်။ မြန်မာ့သိုင်း ပညာရပ်သည် ကျန်းမာရေးအတွက်သာမက မိမိ ကိုယ်ကို ကာကွယ်နိုင်ရန် လူကြီး ၊လူငယ်၊ ကျား ၊ မမရွေး ၊အသက်အရွယ်မရွေး လေ့ကျင့်နိုင်တဲ့ သိုင်းပညာရပ်ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ အောင်မြေမန္တလာ အားကစားခန်းမသို့လာရောက်ဆက်သွယ်နိုင် ပါတယ်လို့လဲသိရှိရပါတယ်။

source - MyanmaPlatform

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။