ပရိသတ်များ အချစ်တော် တေးသံရှင်မနောက တော့ လက်တလော အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ တေးသီချင်းကောင်းလေးတွေကို သီဆိုတက်လို့ ပရိသတ်များ အမှတ်တရရှိနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မနောကတော့ လက်ရှိ ကယားပြည်နယ်မှာ သွားရောက်သီဆိုရန် ခရီးထွက်နေကြောင်း သိရပါတယ်။ 

တေးသံရှင်မနော ရဲ့ အကောင့်တွင်လည်း ကယားပြည်နယ် လွိုင်ကော်ကို သွားရောက် ဖျော်ဖြေရန်သွားနေကြောင်း၊ မြင်ဆရာ ကြားဆရာကြီးများလည်း ပါဝင်ကြောင်း သိရပါတယ်။ မနောလေးစား ရသော မြင်ဆရာ၊ ကြားဆရာများမှာ အခြားသူများမဟုပ်ပဲ ပရိသတ်များ ကြိုက်ခဲ့ဖူးသည့် တေးသံရှင်များဖြစ်ကြတဲ့ IC အဖွဲ့မှ ကိုလေးဖြူ ၊ ကိုအငဲ ၊ဝိုင်ဝိုင်း နှင့် တေးသံရှင် ဘိုဖြူတို့ပဲဖြစ်ပါတယ်။ အဆိုပါ ပရိသတ်ာကြိုက်အဆိုတော်များနှင့် အတူ သွားရောက် ဖျော်ဖြေရမှာဖြစ်သောကြောင့် ဂုဏ်ယူမိကြောင်းနှင့် အစဉ်လေးစားလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပရိသတ်များအချစ်တော်တေးသံရှင်မနောနှင့်အတူ နာမည်ကြီး အဆိုတော်များဖြစ်ကြတဲ့ လေးဖြူ ၊ အငဲ ၊ ဝိုင်ဝိုင်း နှင့် ဘိုဖြူတို့ သွားရောက်သီဆိုမည့် ကယားပြည်နယ် လွိုင်ကော်ပွဲကို ပရိသတ်များ မကြာမီ တွေ့မြင်ရမှာပါ။ ပရိသတ်များအတွက် တေးသံရှင်မနောရဲက လက်တလောလှုပ်ရှားမှုနှင့် မြင်ဆရာ ကြားဆရာများကို ပြောပြရင်း မျှဝေပေးလိုက်ပါတယ်။

Source - မနော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။