ဖွေးစိန်လေးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ ဖက်ရှင်လန်းလန်းလေးတွေနဲ့ ပရိသတ်တွေကို အမြဲ ဖမ်းစားတတ်သူလေး ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ပန်းဆီရောင် မြန်မာဝတ်စုံလေးနဲ့ ဖက်ရှင်ကျနေတာကို ပရိသတ်တွေ တွေ့မြင်ရမှာ ဖြစ်ပါတယ်..။

မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ ရိုးရိုးယဉ်ယဉ်လေး လှနေတဲ့ သူမကတော့ အခမ်းအနားပွဲတွေကိုလည်း မကြာခဏ တတ်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

အခမ်းအနားပွဲတွေကို အမြဲဆိုသလို တတ်ရောက်ဖြစ်နေတဲ့ သူမကတော့ ဒီတစ်ခါမှာလည်း သူမတို့ အိမ်အနီးနားမှာ ဖွင့်လှစ်လိုက်တဲ့ "The Central" Show Gallery ဖွင့်ပွဲကို တတ်ရောက်ခဲ့တယ်လို့ ဆိုပါတယ်..။

ထိုအခမ်းအနားပွဲလေးကို တတ်ရောက်ဖြစ်ခဲ့တဲ့အကြောင်းကို ဖွေးစိန်လေးက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့ အတူ ပရိသတ်တွေပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

အခမ်းအနားပွဲလေးကို တတ်ရောက်ရင်း ကံစမ်းမဲတွေလည်း ပေါက်ခဲ့ပြီး မုန့်တွေလည်း စားခဲ့တဲ့အကြောင်းလေးကို ဖွေးစိန်လေးက ချစ်စဖွယ်ပြောပြထားတာ ဖြစ်ပါတယ်..။

“ဒီနေ့ ဖွေးတို့အိမ်နား က အင်းယားကန်ဘောင်နဲ့ မျက်နှာချင်းဆိုင် "The Central" Show Gallery ဖွင့်ပွဲ သွားခဲ့တယ် ... ကံစမ်းမဲလဲပေါက်ခဲ့တယ် ...မုန့်တွေလဲစားခဲ့တယ်... Big Congrats ... The Best View In Town... Thanks Heaps For Inviting me ... Cheers!!!..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ချစ်စရာကောင်းတဲ့အကြောင်း မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ အကြောင်းလေးကို ပရိသတ်တွေကလည်း Comment ကောင်းများပေး ရေးသားထားကြတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ဖွေးစိန်ကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမှုအရာတွေနဲ့အတူ ပွင့်လင်းပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေကတော့ အမြဲ ချစ်ပိုနေရဆဲပါပဲ.. ပရိသတ်ကြီးရေ..

Source - ဖွေးဖွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။