ရွှေတီဂုံစေတီတော်မြတ်ကြီးကို သံဃာအပါး ၁၈၀၀၀ နဲ့ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၅ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ၎င်းသံဃာအပါး ၁၈၀၀၀ နဲ့ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲမှာ အောက်ခြေ သန့်ရှင်းရေး၊ မိလ္လာ ကိစ္စကအစ မနားမနေ နေ့နေ့ညည တာဝန်ယူဆောင်ရွက်ကြရရှာတဲ့ YCDC ဝန်ထမ်းမိသားစု ၄၅၀၀ ကိုရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနဲ့ အလှူရှင်များက ဂုဏ်ပြု ညစာစားပွဲပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ညစာစားပွဲတွင် YCDC မိသားစုများထဲမှ (၁၀)ဦးကို ဗုဒ္ဓဂါယာ ဘုရားဖူးပို့ပေးရန် ပဲနှိုက်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းမဲနှိုက်ရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ပထမဆုံးမဲပေါက်တဲ့ WA ဝန်ထမ်းလေးကိုလက်ခုပ်သြဘာပေးပြီးစင်ပေါ်ခေါ်၍မေးမြန်းခဲ့ရာ "သမီးဗုဒ္ဓဂါယာသွားရမှာစိတ်ထဲဘယ်လိုနေလဲဆိုတော့ အဲဒါဘာကြီးလဲ..တစ်ခါမှမကြားဖူးဘူးတဲ့အဲဒါ တို့ဗုဒ္ဓမြတ်စွာဘုရားပွင့်တော်မူတဲ့နေရာလေ အိန္ဒယနိုင်ငံမှာ အဲဒီကိုသမီးဘုရားဖူးသွားရမှာဆိုတော့ စိတ်လှုပ်ရှားဝမ်းသာပြီးစကားတောင်မပြောနိုင်တော့ဘူး" ဖြစ်ခဲ့ရတာတွေ့ရပါတယ်။

ယင်းအပြင် အခြားဌာနအသီးသီးက ကံထူးရှင်ဝန်ထမ်းလေးတွေ အတွက်လည်း ကြည်နှုးပျော်ရွှင်များ ဖြစ်ခဲ့ပါတယ်။ ပရိသတ်များအတွက် တစ်နေ့တာ ကြည်နှုးပျော်ရွှင်စရာ ဗုဒ္ဓဂါယာဘုရားဖူးရမည့် YCDC ဝန်ထမ်းများအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source - TMA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။