ဖက်ဖူးရောင်မြန်မာဝတ်စုံလေးနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့လမ်းမထက်က ပန်းပွင့်လေးကတော့ မမြတ်လေးလို့ ချစ်စနိုးခေါ်တက်တဲ့ အေးမြတ်သူပါ။ ဆံထုံးလေးထုံးကာ ပန်းလေးတစ်ပွင့်ကို ပန်ဆင်ထားပြီး ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးနေတဲ့ သူမအလှကို ဖွဲ့နွဲ့ပြဖို့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး ပရိသတ်ကြီးရေ ။

သူမရဲ့မျက်နှာလေးက ပြုံးနေပေမယ့်လည်း ရင်ထဲမှာတော့ ဝမ်းနည်းနေတဲ့ပုံပါ။ ဒီအတွက် သူမက ရင်ထဲကစကားလေးတွေကို စာသားလေးတွေအဖြစ် ဒီလိုပြောင်းလဲရေးသား ထားပါတယ်။

“ ဘဝရဲ့အလှည့်အပြောင်းကြောင့် အနီးဆုံးမှာနေချင်ပေမယ့်လည်း အဝေးဆုံးမှာနေ ခဲ့ရတယ်..ဘွဲ့တစ်ခုမရခဲ့တဲ့အတွက် မိဘတွေအပေါ်တာဝန်မကျေသလို ခံစားရတယ်.. မိဘတွေအတွက် ဘွဲ့လေးတစ်ခုယူပေးချင်ခဲ့တာ စစ်မှန်သော သစ္စာစကားပါ။ အသက် ၃၂ နှစ်အရွယ်ဒီနေ့မှ တက္ကသိုလ်မြေက အဓိပတိလမ်းမကြီးပေါ် လျှောက်ဖူးတယ်..မိဘတွေရဲ့ ဂုဏ်ယူတဲ့အပြုံးတွေကို ဖေကြီးနဲ့ မေကြီးတို့ရဲ့မျက်နှာပေါ် ဆင်မြန်းပေးချင်မိတယ်..ဒီစာလေးဖတ်မိတဲ့ ညီမလေး မောင်လေးတို့လည်း မမြတ်လေးထက် မိဘအပေါ်တာဝန်ကျေသော သားသမီးများဖြစ်ကြပါစေရှင်” လို့ရေးသားထားပါတယ်။

ဘွဲ့တစ်ခုမယူခဲ့ပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ သူမအတွက် သူမရဲ့ချစ်မိဘနှစ်ပါးက အမြဲတမ်း ဂုဏ်ယူအပြုံးတွေပြုံးနေမှာပါ။ ဘာလို့ဆို သူမက နိုင်ငံကျော် မင်းသမီးတစ်ယော က်ဖြစ်ပြီး သူမ ထူးချွန်တဲ့ အနုပညာနဲ့ မိဘနှစ်ပါးရဲ့ကျေးဇူးတွေကိုဆက်နေတဲ့ သမီး အလိမ္မာ လေးတစ်ယောက်မို့ပါ။

ဒါကိုတော့သူမကိုချစ်တဲ့ ပရိသတ်တိုင်းလက်ခံမယ်ထင်ပါတယ်နော်။ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ လမ်းမထက်မှာ သူမတစ်ယောက်ဘယ်လိုတွေလှနေမလဲ ဆိုတာတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော် ။

Source – Aye Myat Thu FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။