အဆုပ်ကင်ဆာ ဖြစ်ခြင်းရဲ့ ၉၀ % က ဆေးလိပ်ကြောင့် ဖြစ်ရပါတယ်။ ဆေးလိပ်သောက်သုံးသူရဲ့ ၅၀% ကလည်း အဆုပ်ကင်ဆာ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ထိုကဲ့သို့ ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ သို့သော် ဆေးလိပ်ဖြတ်ရန် ခက်ခဲတာကြောင့် ဆေးလိပ်ကို ဖြတ်ရန် မကြာခဏ ကြိုးစားသော်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဒါ့ကြောင့် သဘာဝနည်းအတိုင်း အလွယ်တကူနှင့် ဆေးလိပ်ဖြတ်ရန် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ် ပါ၀င်သော အစားသောက်များကို ရွေးချယ် စားသုံးပေးခြင်းဖြင့် ဆေးလိပ်သောက်ခြင်းကို အစားထိုး ကုသ နိုင်ပါတယ်။ ဒီဓာတ်က ဆေးလိပ်သောက်သုံးချင်စိတ်ကို လျှော့ချပေးနိုင်ပြီး မကြာခင် အချိန်အတွင်းမှာ ဆေးလိပ်ပြတ်သွားနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ပါ၀င်သော အစားအသောက်များမှာ - အစေ့ အမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ငှက်ပျော်သီး၊ ထောပတ်သီး၊ ချောကလက် .. စတာတွေပဲ ဖြစ်ပါတယ်။

(၂) ကိုယ်လက် လေ့ကျင့်ခန်း

ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်းဖြင့်လည်း ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချနိုင်ပါတယ်။ ပြောပြလို့ မယုံတဲ့အခါ ကိုယ်တိုင်လုပ်ကြည့်ရင် သိသာပါလိမ့်မယ်။ 

(၃) ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို သိသိသာသာ လျှော့ချပေးနိုင်တဲ့ နည်းလမ်းထဲက တစ်ခုပဲ ဖြစ်ပါတယ်။

(၄) သံပရာရည်

အရမ်း ဆေးလိပ်သောက်ချင်နေသော အချိန်တွင် သံပရာရည် ကို အစားထိုး သောက်ပေးခြင်းဖြင့်လည်း ဆေးလိပ် သောက်သုံးချင်စိတ်ကို ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။

(၅) အနှိပ်ခံခြင်း

ဆေးလိပ်သောက်ချင်စိတ်ကို ကုစားသော အနေဖြင့် လည်းကောင်း၊ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချသော အနေဖြင့် လည်းကောင်း အညောင်း ပြေအောင် အနှိပ်ခံခြင်းကလည်း သက်သာစေပါတယ်။

(၆) ဆေးလိပ်နံ့ မခံနိုင်အောင် အလေ့အကျင့် လုပ်ပေးခြင်း

ဆေးလိပ်နံ့ကို ဘယ်လိုမှ မခံနိုင်လောက်သည် အထိ ဖြစ်အောင် ကြိုးစားပါ။ ထိုနည်းဖြင့်လည်း ဆေးလိပ်ဖြတ်နိုင်ပါလိမ့်မယ်။ 

(၇) ဆေးလိပ်သောက်နိုင်မည့် အနေအထားကို ရှောင်ကြဉ်ခြင်း

ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းများနှင့် ခဏ ရှောင်ပါ။ ဆေးလိပ်ပြန်သောက်နိုင်မယ့် အနေအထားများကို ဂရုစိုက် ရှောင်ကြဉ်ပါ။

(၈) ဆေးလိပ်ပြတ်သွားတဲ့ အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးများကို သတိရခြင်း

ဆေးလိပ်ပြတ်သွားခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်မှ အသိအမှတ်ပြု ခံရခြင်းများ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိခြင်းများ … စတာတွေကို သတိရခြင်းဖြင့်လည်း ဆေးလိပ်ဖြတ်ဖို့ကို တွန်းအားပေးရာ ရောက်ပါတယ်။

ဖော်ပြပါ နည်းလမ်းများကို သိရှိပြီးနောက် ဆေးလိမ် အမြန်ဆုံး ပြတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။