စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ သန္တာလှိုင် ဟာ မော်ဒယ်လောကမှာ တင်မိုးလွင် ကဲ့သို့ ဘုရင်မတစ်ဆူအဖြစ် နာမည်ကြီးပါတယ်။

ကလေး(၂)ယောက်ရဲ့ မိခင် သန္တာလှိုင်ဟာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အလှအပနဲ့ သူမရဲ့ အိမ်ထောင်ရေးအတွေ့အကြုံတွေကို အမျိုးသမီးတွေအတွက် ပြန်လည်မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ တစ်ရက်ကျော်က သူမရဲ့ ဖေ့ဘုတ်မှာ တင်ထားတဲ့ ခင်ပွန်းဖြစ်သူက သူမရဲ့ ခြေထောက်ကို အမြတ်တနိုး နမ်းတဲ့ ပို့စ်တစ်ခု နဲ့ပတ်သက်ပြီး ဝေဖန်သူတွေ ရှိခဲ့တာပါ။ သန္တာလှိုင်ကတော့ သူမဆိုလိုတဲ့သဘောကိုနားမလည်ပဲ တဏှာ နဲ့ တွေးမိတဲ့သူတွေအတွက် စိတ်မဆိုးတဲ့အပြင် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

သန္တာလှိုင် တင်ထားတဲ့ပို့စ်ကို ပြန်လည်စနောက်ကာ ချေပလိုက်သူထဲမှာ သူမရဲ့ သူငယ်ချင်း နိုင်းနိုင်းစနေတစ်ယောက်လည်း ပါ၀င်ပါတယ်။

စာရေးဆရာမ နိုင်းနိုင်းစနေ က Message Box ကနေ သူမကို လာပြီးစနောက်ထားတဲ့ စာလေးကို သူမက အခုလို ပြန်တုန့်ပြန်လိုက်ပါတယ်။စာရေးဆရာမနိုင်းနိုင်းစနေ ဟာ သူငယ်ချင်းဖြစ်သူ ကို ထိထိမိမိ စနောက်လိုက်တာဖြစ်ပြီး သန္တာလှိုင်ကလည်း သူငယ်ချင်းဖြစ်သူရဲ့ ရေးသားမှုကို သဘောကျနေတာပါ။

“ ဟော... ဒီနေ့မနက် စောစောစီးစီး သူငယ်ချင်း အပျိုကြီးတစ်ယောက်ဆီက မက်ဆေ့ဝင်လာတယ် ချစ်ရတဲ့ Fan တွေလဲ ပြံုးရအောင် screen shot ရိုက်ပြီး တင်ပေးလိုက်ပါတယ်.... ဘာရေးထားလဲဆိုတော့ "မီးဖိုချောင်ဟာတောင် အိုင်သင်လို့ မတတ်သေးဘူး ခု သင်ခန်းစာက အမွေးဘက်ရောက်ဝါးပြီ" ...... တဲ့လေ

အိမ်မှာ ကျူရှင်လာတက်ဆိုတော့လဲ အပျိုကြီးက ကြောက်တယ်တဲ့

ကဲ..... ဘယ်လိုလုပ် သူ့အမေ မြေးချီလို့ ရတော့မလဲ?

အဲ့လို ကော်မင့်တွေ အများကြီးတွေ့လိုက်ရတော့ တော်တော်စိတ်မကောင်း ဖြစ်သွားတယ် အရေးခံရတာကိုဖြစ်တာ မဟုတ်ဘူူး ရေးခံရတာကြိုက်တယ် ဟီးဟီး ဒါပေမယ့် ရေးတဲ့သူတွေရဲ့ စကားလုံးတွေဟာ ကျွန်မဖော်ကျူူးချင်တဲ့ တဏှာကင်းတဲ့ ချစ်ခြင်းမေတ္တာ တွေကို နားမလည်ပဲ တဏှာစိတ် အပြည့်နဲ့ တွေးပြီး ရေးနေကြတယ် ဆိုတာကို ကြည့်ခြင်းအားဖြင့် သူတို့ဘဝတွေထဲမှာ တဏှာစိတ်ကင်းတဲ့ အကြင်နာတွေ ခေါင်းပါးနေကြတယ် ဆိုတာကို တွေ့လိုက်ရတာကို စိတ်မကောင်းတာပါ.....

ကျွန်မတို့ မိသားစုမှာဆိုရင် ချစ်လွန်းလို့ပဲ ဖြစ်ဖြစ်၊ အသဲယားလို့ပဲ ဖြစ်ဖြစ်၊ စိတ်မကောင်းလို့ပဲ ဖြစ်ဖြစ် လက်ကလေး ခြေကလေး နှဖူးလေး ခေါင်းလေးတွေ နမ်းတာဟာ အထူးအဆန်း မဟုတ်ပါဘူး... တဏှာစိတ်နဲ့ပဲ အထိခံရ အနမ်းခံကြရတဲ့ သူမျိုးအဖို့ကတော့ နမ်းတယ်ဆိုတဲ့ စကား ကြားလိုက်တာနဲ့ စိတ်က တဏှာစိတ်နဲ့ပဲ တန်းပြီး အဓိပ္ပါယ်ဖေါ်ကျူးကြလိမ့်မယ်ဆိုတာ ကျွန်မ ကြိုတင်ပြီး မတွေးခဲ့မိပါဘူူး...

အခုလို အထူးအဆန်း ဖြစ်နေကြရသော သူများကို ရယ်စရာ Troll လေးတွေနဲ့ ဝိုင်းဝန်းပြီး သတိပေးတဲ့ ပို့စ်လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်လို့....”ဆိုပြီး သူမက ပြန်လည် အရွှန်းဖောက်ကာရေးသားထားပါတယ်။ 

နိုင်းနိုင်းစနေ ဟာ ဘဝခွန်အားဖြစ်စေတဲ့ စာလေးတွေရေးသားရင်း ပရိသတ်အခိုင်အမာရရှိနေတဲ့ စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ 

သန္တာလှိုင်နဲ့ နိုင်းနိုင်းစနေ တို့ရဲ ့သူငယ်ချင်းဆက်ဆံရေးကတော့ ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေ စိတ်ဝင်စားနေတာဖြစ်ပါတယ်။  

Source : Thandar Hlaing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။