တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူမတို့ လေးဦးကိုတော့ ကယန်းရိုးရာ ဝတ်စုံလေးတွေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်..။

ကယန်းရိုးရာ ဝတ်စုံလေးတွေကို ဝတ်ဆင်ထားတဲ့ သူမတို့လေးဦးကတော့ တကယ်ကို ချစ်စရာလေးတွေပါပဲ..။

ပိုပို၊ ချမ်းချမ်း၊ ဝိုင်းလေးနဲ့ အိုင်းရင်းဇင်မာမြင့် သူမတို့ လေးဦးကတော့ ကယားပြည်နယ် လွိုင်ကော်ကို ဖျော်ဖြေရေး ခရီးစဉ်နဲ့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်..။

ကယန်းဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ သူမတို့ လေးဦးကတော့ (၆၆)ကြမ်မြောက် ကယားပြည်နယ်နေ့ တေးဂီတဖျော်ဖြေပွဲအတွက် အခြားအနုပညာရှင်တွေနဲ့ အတူ ရောက်ရှိနေကြတာ ဖြစ်တယ်လို့ သိရပါတယ်..။

ကယန်းဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို သူမတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ပြီး အသီးသီး ပြန်လည်မျှဝေထားကြတာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်တွေရဲ့ အောက်မှာတော့ ပရိသတ်တွေကလည်း ချစ်စရာကောင်းနေတဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေ မြင်တွေ့ခဲ့ကြပြီး ကယန်းဝတ်စုံလေးတွေနဲ့ လိုက်ဖက်တဲ့အကြောင်းလေးတွေကို Comment များမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

ဖျော်ဖြေပွဲကိုတော့ ယနေ့ ဇန်နဝါရီ (၁၅)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဖျော်ဖြေပွဲမတိုင်မှီ ကယန်းဝတ်စုံလေးတွေနဲ့ ဓာတ်ဖမ်းခဲ့ကြပြီး ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့ကြတာ ဖြစ်ပါတယ်..။

ကယန်းရွာလေးကို အလည်အပတ်ရောက်ရှိခဲ့တဲ့ သူမတို့ လေးဦးကတော့ ဓာတ်ပုံတွေထဲမှာလည်း ကယန်းဝတ်စုံလေးတွေဝတ်ဆင်ထားကာ ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းခဲ့ကြတာကို တွေ့မြင်ရတယ်..။

ပိုပို၊ ချမ်းချမ်း၊ ဝိုင်းလေးနဲ့ အိုင်းရင်းဇင်မာမြင့်တို့ လေးဦးစလုံးဟာ ဂီတအနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြပြီး လတ်တလောမှာလည်း ရှိုးပွဲကို ဆက်တိုက်သီဆိုဖျော်ဖြေနေကြတာ တွေ့ရပါတယ်..။

Source - ပိုပို၊ ဝိုင်းလေး၊ ချမ်းချမ်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။