အဆိပ်အတောက်ပြောဖျက်နိုင်တဲ့ Molybdeunm က ပဲဖြူ လေးမှာ ပါဝင်ပါတယ်။အမျှင်ဓတ်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်ထဲ အဆီတွေစုဝေမနေတော့ပါဘူး။ မဂ္ဂနီဆီယမ်၊ အင်တီအောက်ဆီးဒင့် ၊ပရိုတင်း ၊ဓာတ်တွေ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးစားသင့်တဲ့အစားစားဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊ အတွက်လည်း ပဲဖြူလေးကို စားပေးသင့်ပါတယ်နော်။ ခန္ဓာကို်ယ်အတွင်းက အဆိပ်အတောက်တွေကို ပျေက်ကွယ်စေဖို့ ပဲဖြူ လေးများများစားပေးဖို့လိုပါတယ်။ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေတဲ့ အပြင် နှလုံးရောဂါ ၊ဆီးချို၊ အစာစားချင်စိတ်ကို ထိန်းထားအောင် လုပ်ဆောင်ပေးပါတယ်။

ဘယ်ရောဂါဝေဒနာမျိုးမဆို တွန်းလှန်ပေးနိုင်ပြီး ခန္ဓာကို်ယ်အတွင်းမှာ ရှိတဲ့ဆဲလ်တွေကို အသစ်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ နာတာရှည်ရောဂါဖြစ်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အယ်လ်ဇိုင်းမာဖြစ်ခြင်း၊ မှတ်ညဏ်ချွတ်ယွင်းခြင်း၊ တို့ကိုမဖြစ်အောင် ပဲဖြူလေးစားပေးသင့်ပါတယ်။အမျိုးသမီး ၊အမျိုးသားတွေအတွက် အရွယ်မတိုင်မှီ အိုမင်းခြင်း၊ မျက်နှာအသားရေပျော့တွဲကျလာခြင်း၊ မျက်လုံးထေင့်လေး တွေမှာ ကျီခြေရာလေးတွေ ပေါ်လာခြင်း၊ နေရောင်ခြည်ထိတွေ့မှုကြောင့် အမျှင်ဓာတ်တွေပျက်ဆုံးပြီး အသား ရေထိခိုက်စေခြင်းတွေကို ပဲဖြူလေးစားပေးခြင်းဖြင့် သက်သာစေမှာ ဖြစ်ပါတယ်နော်။

မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် စိတ်ဖိစီးမှုတွေကို ပြေပျေက်စေခြင်း၊ အရိုးတွေကို သန်မာစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ တို့အပြင် အစာအိမ်အူလမ်းကြောင်းတွေကိုလည်း ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ ပဲဖြူလေးကို စားပေးကြဖို့တိုက်တွန်းချင်ပါတယ်။ လူရယ်လို့ဖြစ်လာရင် ကျန်းမာရေးကပိုအရေးကြီးတယ် ဆိုတာ လူတိုင်းသိပါတယ်။ ကျန်းမာမှ ချမ်းသာရ ဆိုတဲ့အတိုင်း၊ ကျန်းမာရေးသည် ပထမ မဟုတ်ပါလား။ ဒါကြာင့် ရောဂါဝေဒနာ မခံစားရခင် ကြိုတင်ကာကွယ်တာကပိုကောင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဆေးသောက် ရခြင်းနှင့်ကင်းဝေးအောင် ခန္ဓာကို်ယ်အာဟာရဓာတ်ပြည့်ဝဖို့ အရင်းဆုံးလုပ်ထားမှ တော်ရာကျမှာနော်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။

Source : Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။