မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ လျှပ်စစ်ဓာတ်အားမလုံလောက်မှု ကို ဖြည့်တင်းနိုင်ရန်အတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်ရေး MoU (နားလည်မှုစာချွန်လွှာ )တစ်ခုကို မြန်မာနှင့်လာအို နှစ်နိုင်ငံ လက်မှတ်ရေးထိုးရန်ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ရက်နေ့က သတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ ၎င်းကိစ္စနှင့် စပ်လျဉ်း၍ လာအိုဝန်ကြီးချုပ် ကမြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ သုံးရက်ကြာလာရောက် မှာဖြစ်ပါတယ်။ ယနေ့ ညနေအချိန်အခါတွင်လည်း ထိုဝန်ကြီးအား နိုင်ငံတော်သမ္မတ အိမ်တော်၌ အခမ်းအနားဖြင့် ကြိုဆိုမှာဖြစ်တယ်လို့ သမ္မတအိမ်တော်က သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။

ယခုပြုလုပ်တာကတော့ လျှပ်စစ်ဓာတ်အားဝယ်ယူတဲ့အဆင့်မရောက်သေးပါဘူး ၊ နားလည်မှုစာချွန်လွှာ အဆင့်ပဲ ရှိပါသေးတယ်။ ဝယ်ယူဖို့အတွက်ကတော့ အဆင့်တွေအများကြီးဆက်လျက် ညှိနှိုင်းရဦးမယ်လို့လဲသိရပါတယ်။ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးမှသာ လာအိုနိင်ငံ ရဲ့ လျှပ်စစ်ဓာတ်အားကို မည်သည့်ဈေးနှုန်း ၊မည်သည့်နေရာမှ ဝယ်ယူမည်ကို ဆက်လက်ဆွေးနွေး ရဦးမယ်လို့လဲ ဦးစိုးမြင့်ကပြောကြားထားပါတယ်။ လာအိုဝန်ကြီးချုပ်ခရီးစဉ်မှာတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်းကိုလဲ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်ဖေက ပြောကြားခဲ့ပါတယ်။

လာအိုနိုင်ငံအနေနဲ့မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၀၀ တင်ပို့ရောင်းချရန် အစီအစဉ်ရှိတယ်လို့ လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္ထုတွင်းဆိုင်ရာ ဒုတိယဝန်ကြီးက ၂၀၁၆ ဖေဖော်ဝါရီတွင် ပြောကြားထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့လဲ လျှပ်စစ်ဓာတ်အားဝယ်ယူရန် အတွေ့အကြုံမရှိသေးတာကြောင့် နိုင်ငံ ဖြတ်ကျော်ဌာနမှ စာချုပ်ချုပ်ဆို ခြင်းလုပ်ငန်းများနှင့် နည်းပညာ ကဏ္ဍများ လေ့လာနေရတယ်လို့ မြန်မာ့လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီဌာန မှလက်ထောက်အတွင်းဝန် ဥိးမင်းမင်းက ပြောကြားခဲ့ပါတယ်။ လာအိုနိုင်ငံကတော့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၄၂ ရုံရှိပြီး လျှပ်စစ်ဓာတ်အား ၆၃၉၁ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တယ်လို့လဲသိရှိရပါတယ်။

source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။